ကလေးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၃-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်များ၊ ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ဘုန်း ကြိုးဝိုင်းအကွက်အမှတ်(၆၂)နှင့် မထုကြိုးဝိုင်းအကွက်အမှတ်(၂၉၊၅၆)တို့အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ ယမနေခွဲသား (၇၉၈)ချောင်း (၇)တန်အား ဆိုင်ကယ်(၁)စီး၊ သစ်စက်၊ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 28, 2020 - 15:15