ကလေးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၄-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကလေး-တမူးကားလမ်း၊ မိုင်တိုင်အမှတ် 66 KMနှင့် မထုကြိုးဝိုင်းအကွက်အမှတ် (၅၁၊ ၅၆)အတွင်း တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ယမနေ/ ကညင်/ သပြေသစ်/ခွဲသား (၃၄၃)လုံး/ ချောင်း (၉၈)တန်၊ ထော်လာဂျီ(၆)ဘီးယာဉ်(ခေါင်းဖြူ) ယာဉ်အမှတ်(၈ဌ/၆၀၁၉)သစ်တင်ယာဉ်(၁)စီးတို့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, December 29, 2020 - 13:15