မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအနီးတွင် မှောင်ခိုစက်လှေ(၁)စီးနှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်စစ်ရေယာဉ်(၅၇၀)မှ ဗိုလ်မှူး ခွန်မြတ်ဇော်ဝင်းဦးစီးသော တပ်မတော်သားများ အဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ၏ အနောက်မြောက်ဘက် (၁.၅)မိုင်ခန့်အကွာနေရာ၌ အမည်မပါမှောင်ခိုလှေ(၁)စီးပေါ်မှ တရားမဝင်ကျွန်း/ကညင်ခွဲသား (၂၈၃)ချောင်း (၁၂.၀၇၁၄)တန်အား တရားခံ(၄)ဦး ဆက်စပ်တရားခံ(၂)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 20, 2021 - 14:30