ဘားအံမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၅-၁-၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ထီးဖိုးခလုံးကျေးရွာအုပ်စု၊ ထီးဖိုးခလုံကျေးရွာအနီး၊ ဘားအံ- မြိုင်ကြီးငူကားလမ်းဘေး၊ မြိုင်ကြီးငူမုဒ်ဝအရှေ့တွင် မော်တော်ယာဉ် အမှတ် (၇က/၇၃၇၆)AEOLUS Hino(၆)ဘီး၊ အစိမ်းရောင်ယာဉ်(၁)စီးပေါ်မှ တရားမဝင် သင်္ဂဒူ/ ကောင်းမှု ခွဲသား (၁၆၅)ချောင်း (၄.၁၄၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, January 27, 2021 - 13:30