၁၀-၅-၂၀၂၁ ရက်နေ့မှ ၁၆-၅-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ (၁၀-၅-၂၀၂၁) မှ (၁၆-၅-၂၀၂၁) ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသ ကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၂၁.၇၈၅၆)တန်၊ သစ်မာ (၂၅.၆၂၀၄)တန်၊ အခြား (၁၁၂.၈၁၉၀)တန်၊ စုစုပေါင်း(၁၆၀.၂၂၅၁)တန်၊ တရားခံ(၂၇)ဦး၊ ယာဉ်/ယန္တရား(၁၈)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၀-၅-၂၀၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီဘိနယ်၊ သဒွန်ကျေးရွာ အရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာနှင့် မအီချောင်းဘေးနေရာတို့မှ တရားမဝင် တောင်သရက်ခွဲသား (၁၀၅)ချောင်း (၂၀.၄၂၀၄) တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Tuesday, May 18, 2021 - 13:30