နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဖမ်းဆီးရမိခြင်း စာရင်းချုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ (၄-၁၀-၂၀၂၀)မှ(၁၀-၁၀-၂၀၂၀)ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်း ဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၅၉၁၃)တန်၊ သစ်မာ (၉.၅၀၂၂)တန်၊ အခြား (၂၅.၄၂၁၅)တန်၊ စုစုပေါင်း (၈၄.၅၁၅၀)တန်၊ တရားခံ(၁၄)ဦး၊ ယာဉ်/ယန္တရား(၁၄)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၁၀-၂၀၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရေကြည် မြို့နယ်၊ ကျောင်းကုန်းဘိနယ်၊ လက်ပံချောင်အုပ်စု၊ ခြောက်အိမ်တန်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ ကားလမ်းဘေး မိုင်တိုင်အမှတ် (၈၃/၄)အနီးမှ တရားမဝင် ကျွန်းခွဲသား (၈၁)ချောင်း (၁၂.၉၈၆၀) တန်၊ ယာဉ်(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, October 13, 2021 - 11:30