၁၇-၁-၂၀၂၂ ရက်နေ့မှ ၂၃-၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂.၇၄၃၀)တန်၊ သစ်မာ (၆၄.၁၂၇၄)တန်၊ အခြား (၁၀၁.၆၉၃၆)တန်၊ စုစုပေါင်း (၂၀၈.၅၆၄၀)တန်၊ တရားခံ (၂၀)ဦး၊ ယာဉ်/ယန္တရား (၁၃)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၀-၁-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဗေဒါ(၁)ဘိနယ်၊ တောင်ညိုကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၁၀၃၊ ၁၁၄၊ ၁၄၈)တို့မှ တရားမဝင် တောင်သရက်ခွဲသား (၅၉) ချောင်း (၁၁.၈၀၄၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, January 26, 2022 - 10:00