၁၁-၇-၂၀၂၂ ရက်နေ့မှ ၁၇-၇-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၂၇.၃၂၀၈) တန်၊ သစ်မာ (၂၁.၀၁၉၈)တန်၊ အခြား (၂၆.၆၃၄၈)တန်၊ စုစုပေါင်း (၇၄.၉၇၅၄)တန်၊ တရားခံ (၁၈)ဦး၊ ယာဉ်/ ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၅-၇-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ အကွက်အမှတ်(၇၆)နှင့် မြောက်ဇာမရီ ကြိုးဝိုင်း၊ အကွက်အမှတ်( ၆၀၊ ၆၂)အတွင်းမှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး၊ သစ်လုံး/ ခွဲသား (၉၂)လုံး/ ချောင်း၊ ( ၁၃.၄၅၅၄) တန်၊ ချိန်းဆော (၁) လက်နှင့် ဆိုင်ကယ်(၂)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, July 21, 2022 - 09:30