၁၀-၁၀-၂၀၂၂ ရက်နေ့မှ ၁၆-၁၀-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၇.၆၀၆၀)တန်၊ သစ်မာ (၂၇.၆၅၈၂)တန်၊ အခြား (၄.၇၁၇၂)တန်၊ စုစုပေါင်း (၁၀၉.၉၈၁၄)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၁၀-၂၀၂၂ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၁၊ ၈၂၊ ၈၃၊ ၉၅၊ ၁၀၀၊ ၁၀၇) အတွင်းမှ တရားမဝင်ကျွန်း သစ်လုံး/ ခွဲသား/ ခွဲခြမ်း/ ဖရုံစိပ် (၁၀၄) လုံး/ ချောင်း/ ခြမ်း/ စိပ် (၂၅.၅၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, September 21, 2022 - 01:15