၆-၃-၂၀၂၃ ရက်နေ့မှ ၁၂-၃-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၅.၉၁၅၀)တန်၊ သစ်မာ (၆.၁၅၄၈)တန်၊ အခြား (၇၃.၅၇၇၃)တန်၊ စုစုပေါင်း (၁၅၅.၆၄၇၁)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၃၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(က)ဘိနယ်၊ ပြည်-တောင်ကုတ် ကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၁)မှ တောင်ဘက်သို့ (၂)မိုင်ခန့်အကွာ၊ ဒေသအခေါ် ထုတ်လုပ်ရေးပေါက်၊ သူရဲတန်းကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၄၉)ချောင်း (၂၀.၉၈၁၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Sunday, February 19, 2023 - 07:30