ပိတောင်ဘေးမဲ့တော ပတ်ဝန်းကျင်ကျေးရွာနှင့် စာသင်ကျောင်းများရှိ ဒေသခံပြည်သူနှင့် ကျောင်းသား/ကျောင်းသူများအား ပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိ (၂၀.၁၂.၂၀၁၃၊ ပိတောင်)

မြန်မာနိုင်ငံသည် သဘာဝ ရေ၊ မြေ၊ တောတောင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများပေါများ ကြွယ်ဝ သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး သစ်တောများသည် အပင်နှင့်တိရစ္ဆာန်များ ပေါက်ပွားရှင်သန် ရန် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အနေအထားများကို ဖန်တီးပေးထားပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို အလေးထားအကောင်အထည်ဖော်ရာတွင် သဘာဝနယ်မြေ များတည်ထောင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍  ဆောင်ရွက်လျက်ရှိပါသည်။

          သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအောက်ရှိ ပိတောင်ဘေးမဲ့တောမှ ဝန်ထမ်းများသည် ဘေးမဲ့တော ပတ်ဝန်းကျင်ကျေးရွာများနှင့် စာသင် ကျောင်းများတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်မှုရရှိရန်နှင့် သိမြင်နိုးကြားမှုတို့ရှိစေရန် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ     (၁၇-၁၁-၂၀၁၃) နှင့် (၂၃-၁၁-၂၀၁၃) ရက်နေ့များတွင် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာနှင့် ပ.လ.နကျေးရွာများ၏ အုပ်ချုပ်ရေးမှူးရုံးများနှင့် အလယ်မော်ဖောင်းအခြေခံပညာအလယ်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၆) ဦး တက်ရောက် ကြပါသည်။

          အဆိုပါ ပညာပေးဟောပြောပွဲများတွင် ဘေးမဲ့တောဝန်ထမ်းများမှ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ရှားပါးတိရစ္ဆာန်နှင့် အပင်များ (CITES)အကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။