မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခဲ့

ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာတောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( FFI )မှ ဂျာမဏီနိုင်ငံသား ငှက်ပညာရှင်(၂)ဦးနှင့်အတူ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အနီးဝန်းကျင် ဧရိယာများ(ဂယက် ကြီးကျွန်း၊ ငါးမန်းသောင်၊ ကတုံကလေးကျွန်း၊ ကျွန်းသာယာ)တွင် ငှက် မျိုးစိတ်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၄-၂-၂၀၁၄)ရက်နေ့မှ (၇-၂-၂၀၁၄)ရက်နေ့အထိ ဆောင်ရွက်ကြောင်းသိရသည်။ ယခုကောက်ယူရရှိသည့် စာရင်းများအရ ဆောင်းခိုငှက် မျိုးစိတ်များမှာ ယခင်နှစ် အလားတူကာလထက် ပိုမိုများပြားစွာတွေ့ရှိရကြောင်း၊ အဓိကတွေ့ရှိရသော ဆောင်းခိုငှက် မျိုးစိတ်များမှာ ခရုစုပ်ခေါင်းမဲ (Black – heade Ibis)၊ ခရုတုတ် (Asian Open -bill)၊ ဇင် ယော်ကြီး (Brown-headed Gull)၊(Black-headed Gull)၊ (Pallas’s Gull)၊ မြစ်တွေး (Capian Tern)၊ နှုတ်သီးကောက်( Eurasian Curlew)၊ (Whimbrel)စသော မျိုးစိတ်များ အား ရာနှင့်ချီသောအုပ်စုများအဖြစ် ပေါများစွာတွေ့ရှိခဲ့ကြောင်း၊ ငါးမန်းသောင် ဧရိယာတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ် (Critically endangered species) စာရင်းဝင်ဆောင်းခိုငှက် မျိုးစိတ်များဖြစ်သော ရေညှောင့် နှုတ်သီးဝိုင်း(Spoon- billed Sandpiper) (၁)ကောင်နှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် ( Endangered species ) စာရင်းဝင် ကမ်းခြေငှက်(Nordman’s Green -shank) (၂၅)ကောင်တို့အား ၂၀၁၃ ခုနှစ် ၊ နိုဝင်ဘာလ စာရင်းကောက်ယူစဉ် တွေ့ရှိခဲ့သောတည်နေရာနှင့် (၁.၅)ကီလိုမီတာခန့်အကွာ နေရာတွင် တွေ ရှိခဲ့ရကြောင်း၊ ယင်းသို့တွေ့ရှိရခြင်းသည် ဆောင်းခိုငှက်မျိုးစိတ်များ ဆောင်းရာသီကာလ တစ် လျှောက်လုံးကျက်စားနေထိုင်မှု အထောက်အထားတစ်ရပ်ဖြစ်၍ အဖိုးတန်မှတ်တမ်းတစ်ခု ဖြစ် ကြောင်း သိရှိရသည်။