ပုဂ္ဂလိက(သစ်မာ)စိုက်ခင်း

သစ်တောစီမံအုပ်ချုပ်ခွင့်ရှိသောမြေ (ကြိုးဝိုင်းတော/ ကြိုးပြင်ကာကွယ်တော)များ အတွင်းရှိ ပုဂ္ဂလိကစိုက်ခင်းဇုန်တွင် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ပုဂ္ဂလိက (သစ်မာ) စိုက်ခင်းအား တည်ထောင်ခွင့်ပြုလျှက်ရှိပါသည်-
(၁) အနာဂတ်ကာလနိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်၊
(၂) တိုးတက်များပြားလာသည့် ပြည်သူလူထု၏သစ်လိုအပ်ချက်ဖြည့်ဆည်းပေးရန်၊
(၃) သစ်တောကဏ္ဍမှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(၄) မိမိပိုင်သစ်အဖြစ် တရားဝင်ထုတ်ယူသုံးစွဲခွင့်ရရှိပြီး စီးပွားရေးအကျိုးအမြတ် ရရှိ စေရန်၊
(၅) နိုင်ငံတော်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန်၊
(၆) ရာသီဥတုပြေပြစ်မျှတလာပြီး လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊
(၇) အနာဂတ်မျိုးဆက်သစ်များအတွက် သစ်တောသယံဇာတအမွေအနှစ်များ ဖန်တီး လွှဲပြောင်း ပေးအပ်နိုင်စေရန်၊

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကသစ်မာစိုက်ခင်း (၄၃၇၂.၇၀) ဧက ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် (၅၄၈၁.၁၈)ဧက ၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် (၇၄၃၉.၇၅) ဧက၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် (၆၇၄၄.၇၈)ဧက၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် (၆၂၁၉.၀၃)ဧက၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် (၇၄၅၂.၃၈)ဧက ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် (၁၂၇၈၄.၈၉)ဧက ၊ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင်(၁၃၇၅၉.၄၁)ဧက၊၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင်(၁၄၃၈၅.၇၄)ဧက၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁၆၈၃၂.၄၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန်အထိ (၉၄၁၇.၉၆)ဧကကို တည်ထောင်စိုက်ပျိုးနိုင်ခဲ့ပါသည်

စဉ်

တိုင်းဒေသကြီး/ ပြည်နယ်

၂၀၁၇    -

၂၀၁၈ ခုနှစ်

ခွင့်ပြု

ပြီးစီး

ကချင်

၆၅၀

၁၉၀

ကယား

၅၀

ကရင်

၃၄၂

၁၀၀

ချင်း

၁၈၀

စစ်ကိုင်း

၂၅၅၀

၂၀၂၀

တနင်္သာရီ

၃၆၀၀

၅၁

ပဲခူး

၅၈၅၇

၁၄၆၅

မကွေး

၇၇၅

၅၀

မန္တလေး

၃၆၂၇

၄၀၀.၅၅

၁၀

နေပြည်တော်

၈၅၀

၄၇၅

၁၁

မွန်

၆၀

၁၂

ရခိုင်

၁၃

ရန်ကုန်

၂၀၀

၄၇၅.၅

၁၄

ရှမ်း(တောင်ပိုင်း)

၁၄၉.၆၈

၁၄၉.၆၈

၁၅

ရှမ်း(မြောက်ပိုင်း)

၆၉၄.၂၃

၁၆

ရှမ်း(အရှေ့ပိုင်း)

၅၀

၁၇

ဧရာဝတီ

၃၈၁၅

၃၂၉၇

 

စုစုပေါင်း

၂၂၇၀၅.၆၈

၉၄၁၇.၉၆