သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(ကျပ် ၂၁၆ဝ၀ဝ-၂၀ဝ၀-၂၂၆ဝ၀ဝ)တောအုပ်ကြီး (၇၁)နေရာအတွက်လျှောက်လွှာများခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး(၇၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ဂ) ၁၆ - ၃ - ၂၀၁၉ ရက်တွင် အသက်(၃၀)နှစ်၊နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်၊ မဟာဘွဲ့ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည်။
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများပူးတွဲလျက် သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်သို့ လိပ်မူ၍ ရုံးဖွင့်ရက်များတွင် ၀၉း၀၀ နာရီ မှ ၁၆း၃၀ နာရီအတွင်း လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း (၈- ၃ - ၂၀၁၉)နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါဘွဲ့လက်မှတ်မူရင်းတင်ပြရန်)
(ခ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါအောင်လက်မှတ် မူရင်းတင်ပြနိုင်ရမည်။)
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံ (နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်အသားဖော်ပြရန်)
(င) ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကဒ်ပြားမိတ္တူမှန်
(စ) နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း
၄။ ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ နေပြည်တော်တွင် အောက်ပါနေ့ရက်များ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ တစ်ဦးချင်းထံသို့ အကြောင်းကြားမည် မဟုတ်ပါ။
(က) မြန်မာစာ ၁၆-၃- ၂၀၁၉ (စနေနေ့) ၀၉:၀၀ နာရီ မှ ၁၁:၀၀ နာရီထိ
(ခ) အင်္ဂလိပ်စာ ၁၆ - ၃ - ၂၀၁၉ (စနေနေ့) ၁၃:၀၀ နာရီ မှ ၁၅:၀၀ နာရီထိ
(ဂ) အထွေထွေဗဟုသုတ ၁၇-၃- ၂၀၁၉ (တနင်္ဂနွေနေ့) ၀၉:၀၀ နာရီ မှ ၁၁:၀၀ နာရီထိ
၅။ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တော ဦးစီးဌာန၏ Website www.forestdepartment.gov.mm နှင့် www.facebook.com/ forestdepartment.gov.mm တွင် ကြေငြာပေးထားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများ အား လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊ အချိန်၊ နေရာတို့ကို ဆက်လက် ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ပါ သည်။
၆။ စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့်နေ့၏ နံနက်(၈:၀၀)နာရီ အရောက် ဖြေဆိုရမည့်နေရာသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လာရောက်သတင်းပေးပို့ ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့်သတ်မှတ်ချိန်ထက် နောက်ကျ၍ ရောက်ရှိလာသူများအား စာမေးပွဲ ဖြေဆိုခွင့် ခွင့်ပြုမည်မဟုတ်ပါ။
၇။ စည်းကမ်းနှင့် မကိုက်ညီသော(သို့မဟုတ်)မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက်ကျော် လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၈။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန်လာရောက်သည့် အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရပါမည်။
၉။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။
၁၀။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၁၀၈/ ၀၆၇-၃၄၀၅၁၈၀ သို့ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို သစ်တောဦးစီးဌာန၏ Website www.forestdepartment.gov.mm တွင် download ရယူနိုင်ပါသည်။

date: 
Thursday, February 21, 2019 - 10:00