Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ကမ္ဘာအေးဘုရားတွင်(၅-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌သစ်တော ဦးစီးဌာနက ဦးဆောင်၍ကျင်းပပြုလုပ်ရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မိုး ဦးဆောင်သောဝန်ထမ်း(၈၀)ဦး၊ သစ်တောဦးစီးဌာနဝန်ထမ်း(၁၅)ဦး၊ ဒေသခံပြည်သူ(၂၀)ဦး စုစုပေါင်း(၁၁၅)ဦးတက်ရောက်၍ သစ်မျိုး(၇)မျိုး စုစုပေါင်းပျိုးပင်(၁၅၂)ပင်တို့ကိုစုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၄၉၅)ဧကရှိသောနယ်မြေကို “မအိုင်(၂)ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်အမိန့်ကြော်ငြာစာအမှတ် (၆၆/၂၀၂၄)အရ ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၄)ရက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁,၅၉၄)ဧကရှိသောနယ်မြေကို “စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၅/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄) ရက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၂၄ ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

သရက်မြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးအသိပညာပေး talk show အား(၃၁.၇.၂၀၂၄)ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်၌ ဆောင်ရွက်ပြီးဖြစ်ပါကြောင်းသိရှိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယအတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၇,၀၀၀)ဧကရှိသောနယ်မြေကို “မိုင်းဟဲကြိုးပြင်ကာကွယ်တော”အဖြစ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၂၄ ရက်)မှစ၍ သတ်မှတ်လိုက်သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေး ဟော‌ပြောပွဲကျင်းပခြင်းရွှေတောင်မြို့နယ် (၁-၈-၂၀၂၄)ရက်နေ့၊ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးသည့်ကာလ(ဩဂုတ်လ) အတွင်း စာသင်ကျောင်းရှိကျောင်းသူ/ကျောင်းသားများအား "မိုးရာသီ သစ်ပင်စိုက်ပျိုး၊ပြုစု ထိန်းသိမ်းရေး အသိပညာပေးဟော‌ပြောပွဲ"အား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူး ဦးအောင်စက်ပိုင် ဦးဆောင်၍ "မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းရေးအသိ ပညာပေး"ခေါင်းစဉ်ဖြင့် တက်ရောက်လာကြသည့် အထက်တန်းအဆင့်ရှိ ကျောင်းသူ/ ကျောင်းသားများအင်အား(၁၇၅)ဦးခန့်ကို အသိပညာပေးစည်းရုံးဟောပြောခြင်း၊ အမှတ်တရကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ်ခြင်းနှင့်စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန က ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို(၃၁-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀)နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ မေတ္တာအေးကျေးရွာ၊ တောင်လှိုင် ရိုးမကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း၌ ကျင်းပရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊မြို့ နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုးများနှင့်ကျေးရွာဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ပြီး ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်နှင့် မန်ဂျန်ရှား (၂၀၀)ပင် သစ်မျိုး(၃)မျိုး၊ ပျိုးပင်စုစုပေါင်း (၆၀၀)ပင် စိုက်ပျိုးခဲ့ပါ‌ကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၄ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀၀)ဦး တက်ရောက်သည်။

Pages