၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား(၂၇.၅.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃း၀၀)အချိန် ရွှေတောင်မြို့နယ်၊ ကျွဲတလင်းအုပ်စု၊ ရွာသစ်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျေးရွာသူ/သား၂၅ ဦး၊ကျား(၁၂)ဦး မ(၁၃) ဦး) သစ်​တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း(၂၉)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ​ရွှေတောင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်း အရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ စ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၆)ရက်နေ့၊နေ့လည် (၁၃:၃၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊​ ကမာချောင်းကျေးရွာအုပ်စု၊ ကျွေးချောင်းကျေးရွာဇရပ်တွင် ကျင်းပဆောင်ရွက်ခဲ့ရာဘုတ်​ပြ င်းမြို့နယ်၊ ကျွေးချောင်းကျေးရွာ၊ရပ်မိရပ်ဖ ဉီးမောင်ရွှေနှင့်၊ဒေသခံများ ၊အမျိုးသား( ၆၀)ဉီး/အမျိုးသမီး( ၂၀)ဉီး ၊ စုစုပေါင်း(၈၀) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၃)ဉီး၊စုစုပေါင်း (၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ​မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ ကြောင့်သဘာဝ​ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၆-၅ - ၂၀၂၆)ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဘိုကလေးမြို့နယ် ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးမှ "မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး" အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း၂ ဦး၊ ကျေးရွာသား(၁၀၁) ဦး၊ကျေးရွာသူ (၇၅)ဦး၊ စုစုပေါင်း(၁၇၈) ဦးတက်ရောက်ခဲ့ပြီး မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများကိုဆွေးနွေး အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၆-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာအုပ်စု၊ကျောက်ဖျာကျေးရွာ၊အုပ်ချုပ်‌ရေးမှူးရုံးတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာရာအိမ်မှူးများနှင့်‌ရပ်မိရပ်ဖများ၊ကျေးရွာသူ/သားများ ကျား(၄၀)ဦး၊ မ( ၁၅)ဦး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း(၆၂)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်‌မောင်ဆန်းမှ တက်ရောက်လာသူများအား"မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ "အကြောင်းအရာများကို အသိပညာ‌ပေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသူ ကျေးရွာသားမှ သိရှိလို့သည့်များကို မေးမြန်းရာ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၆.၅.၂၀၂၆) ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊သစ်တောဉီးစီးဌာနမှ ညောင်ပင်ဆိပ်ရပ်ကွက်၊ အလယ်ဓမ္မာရုံ၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရေချွေတာရေး/တရားမဝင်သစ်ဖမ်းဆီးရမိ‌ရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများ ကျား (၃၀)ဦး မ(၂၈)ဦးနှင့် သစ်တောဝန်ထမ်းကျား (၄)ဦး၊စုစုပေါင်း (၆၂)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ ကသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်က ရေချွေတာရေးနှင့် တရားမဝင်သစ်လျော့နည်းပပေါက်စေရေးကိုလည်းကောင်းဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်းမြို့နယ်၊ ​ကောယားကျေးရွာအုပ်စု၊ တုံလုံကျေးရွာ၊ ဘုန်း​တော်ကြီးကျောင်း၌(၂၆.၅.၂၀၂၆) ရက်နေ့၊(၁၂:၃၀)နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ​​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်ကျေးရွာသူ/သား(၄၅)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၄၈) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် ​ဦးစီးအရာရှိ၊ ဦးသန်းနိုင်-၄ မှ တောမီးလောင် ကျွမ်းမှု ဖြစ်​ပေါ်ရသည့် အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူ​ငွေ့ဖြစ်​ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များ​ကြောင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများအား အသိပညာ​ပေး ဟော​ပြောခဲ့ပါသည်။ဆက်လက်၍ တောအုပ်ကြီး၊ ဦး​ဇေယျာက သစ်တောသစ်ပင်များ၏ အ​ရေးပါမှု အ​ကြောင်းအရင်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၅-၅-၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊စားသုံးသူ‌ေရးရာဦးစီးဌာနရုံးအတွင်း ရေချွှေတာသုံးစွဲရေး“ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)”ကျင်းပရာ MSME လုပ်ငန်းရှင်များ၊သစ်တောဝန်ထမ်းများစုစုပေါင်း (၄၅)ဦး တက်ရောက်ပါသည်။အ ခမ်းအနားတွင် မြင်းခြံခရိုင်၊‌‌ ကျောက်ပန်း‌ေတာင်းမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဝင်း‌ေဇာ်မှ ရေချွေတာသုံးစွဲရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပါသည်။အခမ်းအနားအား (၁၀:၁၅)နာရီတွင်ပြီးစီးပါကြောင်း သတင်းရရှိသည်။

လေးမျက်နှာမြို့နယ်၊ သစ်တောဉီးစီးဌာနမှသဘာဝပတ်ဝန်းကျင်ထိန်းရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ရေသယံဇာတချွေတာသုံးစွဲရေးနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို(၂၆-၅-၂၀၂၆))ရက်နေ့တွင်လေးမျက်နှာမြို့၊အမှတ်(၅)ရပ်ကွက်တွင်ဆောင်ရွက်ရာပြည်သူကျား(၁၈)ဉီးမ(၆)ဉီးနှင့်သစ်တောဝန်ထမ်း(3)ဉီးစုစုပေါင်း(၂၇)တက်ရောက်ပြီးဉီးအောင်ဝင်း-တောအုပ်မှအသိပညာ​ပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

Pages