၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၅-၁-၂၀၂၆)ရက်၊တနင်္လာနေ့ (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Know ledge Sharing Presentationအစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိသစ်တောဝန်ထမ်း(၁၀၆)ဦးတက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှတောအုပ်ကြီး၊ ဦးစီးအရာရှိ(၁၈)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ် အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်း(စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ(နန်ကျင်းမြို့)တွင် တက်ရောက်ခဲ့သည့် တရုတ်- အာဆီယံနိုင်ငံများအတွက် ဂြိုလ်တုဖြင့်အဝေးမှစူးစမ်းအာရုံခံခြင်းအသုံးချနည်းပညာဆိုင်ရာ ဆွေးနွေးပွဲအားလည်းကောင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ထွန်း (ရေဝေရေလဲဌာနခွဲ)မှတရုတ်ပြည်သူ့သမ္မတနိုင်ငံ(ထန်ကျင်းမြို့)တွင် တက်ရောက်ခဲ့သည့်သမုဒ္ဒရာ စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲ အစီအစဥ် အားလည်းကောင်း၊ ဦးစီးအရာရှိဦးသန့်စင်ကျော်(ရေဝေရေလဲဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ဟန်ကျိုး)မြို့တွင် တက်ရောက်ခဲ့သည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့်ကမ်းရိုးတန်းအလိုက်လိုက်လျောညီထွေဖြစ်မှုဆိုင်ရာ ဆွေးနွေးပွဲအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာ အေးမြတ်သူ(ဝန်းကျင်/သားဌက်ဌာနခွဲ)မှ ဗီယက်နမ်နိုင်ငံ(Bien Hoa)တွင် တက်ရောက်ခဲ့သည့်အာရှဆင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူများ၏(၁၂) ကြိမ်မြောက်အစည်းအဝေးအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သပြေပင်ကျေးရွာရှိ နိမသောင်ဘုရား ဌာပနာပိတ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည် (၁၅) ရက် (၂-၁-၂၀၂၆) ရက် သောကြာနေ့ နံနက် ၀၅း၃၀နာရီအချိန်မှ စတင်၍ နိမသောင်ဘုရားဝန်း မင်္ဂလာမဏ္ဍပ်တွင်ကျင်းပသည်။ အခမ်းအနားအစီအစဥ်အရ နံနက် ၀၅း၃၀ နာရီတွင် သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဥ်များဖြင့် အရုဏ်ဆွမ်းဆက်ကပ်လှူပြီး မင်္ဂလာအချိန် ၀၈း၁၅ နာရီတွင် နိမသောင်ဘုရား ထီးတော်တင်လှူပူဇော်သည်။ ဆက်လက်၍ နံနက် ၁၀း၀၀ နာရီအချိန်တွင် ရေစက်ချတရားတော်နာ အခမ်းအနားဆက်လက်ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ပြီးနောက် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသောင်းနိုင်ဦး နှင့်တာဝန်ရှိသူ အရာထမ်းများ၊ဒါယကာ၊ ဒါယိကာမတို့မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး နိမသောင်ဘုရား ဌာပနာပိတ်ခြင်း၊ ထီးတော်တင်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် မင်္ဂလာအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်သည်။ နိမသောင်စေတီတော်မြတ်ကြီးသည် (၂၈-၃-၂၀၂၅) ရက် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရာ စေတီတော်ကြီး ပြန်လည်မွမ်းမံတည်ထားခြင်း၊ တံခွန်တိုင်၊ ဓမ္မာရုံ၊ အုတ်တံတိုင်းများပြန်လည် ပြုပြင်မွမ်းမံခြင်း၊ စေတီတော်ဝန်း ရင်ပြင်တော်ကွန်ကရစ်သမံတလင်းခင်းခြင်း တို့အတွက် သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ (၇) ရက်သားသမီးများ၏ လှူဒါန်းမှုများဖြင့် ပြန်လည်ပြုပြင်မွမ်းမံမှုများကို (၁-၉-၂၀၂၅) ရက်စတင်ရာ (၁၈-၁၁-၂၀၂၅) ရက်တွင် လုပ်ငန်းပြီးမြောက်၍ တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်းသိရသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၂) နေရာများအတွက်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေငြာခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင်ကျင်းပပြုလုပ်မည့်ဖြစ်ပါသည်။

(၃၀-၁၂-၂၀၂၅)ရက်၊ အင်္ဂါနေ့၊ (၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၂-၁၂-၂၀၂၅)ရက်နေ့မှ (2၈-၁၂-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၄.၅၃၈၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးမှု ထူးချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသင်တန်း ထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲဆုများ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို (၃၁-၁၂-၂၀၂၅)နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် နိုင်ငံပိုင်စီးပွားရေးစိုက်ခင်း ၈,၁၆၀ ဧက အပါအဝင် သစ်တောစိုက်ခင်း စုစုပေါင်း ၁၃,၉၈၆ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှု ရှိမှသာ စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးပြီး အောင်မြင်သော သစ်တောစိုက်ခင်းများ ဖြစ်လာမှာ ဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးအတွက် နည်းလမ်း ၈ သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ တရားမဝင်သစ် ၄,၀၈၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် တရားမဝင်သစ် ဖမ်းဆီးရေး လုပ်ငန်းများသည် သစ်တောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တက်ရောက်ရသော ဝန်ထမ်းများအနေဖြင့်လည်း သတ်မှတ်ထား သော စည်းကမ်းများကို လိုက်နာပြီး ကြိုးစားအားထုတ်သွားရန် တိုက်တွန်းပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ မိမိအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုး၊ ဘာသာသာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးမှု ထူးချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသင်တန်း ထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲဆုများ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို (၃၁-၁၂-၂၀၂၅)နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် နိုင်ငံပိုင်စီးပွားရေးစိုက်ခင်း ၈,၁၆၀ ဧက အပါအဝင် သစ်တောစိုက်ခင်း စုစုပေါင်း ၁၃,၉၈၆ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှု ရှိမှသာ စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးပြီး အောင်မြင်သော သစ်တောစိုက်ခင်းများ ဖြစ်လာမှာ ဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးအတွက် နည်းလမ်း ၈ သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ တရားမဝင်သစ် ၄,၀၈၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် တရားမဝင်သစ် ဖမ်းဆီးရေး လုပ်ငန်းများသည် သစ်တောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တက်ရောက်ရသော ဝန်ထမ်းများအနေဖြင့်လည်း သတ်မှတ်ထား သော စည်းကမ်းများကို လိုက်နာပြီး ကြိုးစားအားထုတ်သွားရန် တိုက်တွန်းပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ မိမိအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းထူးချွန် ပထမဆု၊ တရားမဝင်သစ် ဖမ်းဆီးရရှိမှု ပထမဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် သင်တန်းသား/သင်တန်းသူ စံပြဆုရသူများ၊ စာရင်းကိုင် နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အဆင့် ၁၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ပထမဆုနှင့် ဘောလုံးပြိုင်ပွဲ ပထမဆုရရှိသူများအား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက ဒုတိယဆု ရရှိသူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြားထူးချွန် ဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

Pages