Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပစ္စည်းထိန်း(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ(၂)(လျှပ်စစ်) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စက်မှုကျွမ်းကျင်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာစီစဉ်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၃-၂၀၂၃)ရက်နေ့မှ (၁၂-၃-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈၄.၈၅၀၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၅.၉၁၅၀)တန်၊ သစ်မာ (၆.၁၅၄၈)တန်၊ အခြား (၇၃.၅၇၇၃)တန်၊ စုစုပေါင်း (၁၅၅.၆၄၇၁)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၃၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(က)ဘိနယ်၊ ပြည်-တောင်ကုတ် ကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၁)မှ တောင်ဘက်သို့ (၂)မိုင်ခန့်အကွာ၊ ဒေသအခေါ် ထုတ်လုပ်ရေးပေါက်၊ သူရဲတန်းကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၄၉)ချောင်း (၂၀.၉၈၁၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages