၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထား သောအခွင့်အာဏာများကိုကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာ စေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေတည်ထောင်မှုကို မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မူလ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဧရိယာ (၂၁၇.၆)ဧကအား ရေပြင် (၁၁,၈၉၇)ဧကတိုးချဲ့၍ စုစုပေါင်း (၁၂၁၁၄.၆၀) ဧကဖြင့် “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာ ပြင်ဆင်သတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၆)အရ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့် ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

(၂၃-၃-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဘုတ်ပြင်းမြို့နယ်၊ ကရိုင်တိုင်ကျေးရွာမြစိမ်းရောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ အတွင်းဘုတ်ပြင်းကျေးရွာ အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးစိုးနိုင်ဉီးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံများ၊ အမျိုးသား(၄၂)ဉီး/ အမျိုးသမီး(၅၂)ဉီး၊ စုစုပေါင်း(၉၄)ဉီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၇)ဦး၊ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပါသည်။

(၂၃-၃-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည် မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ချုပ်ရုံးမှ ငွေစာရင်းဆိုင်ရာဝန်ထမ်းများ၊ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တော ဝန်ထမ်း (၁၈၈) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ ငွေစာရင်းဆိုင်ရာဝန်ထမ်း များ၊ တောအုပ်ကြီးနှင့် ဦးစီးအရာရှိ (၇၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။

(၂၁-၃-၂၀၂၆)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ခိုတောင်ကျေးရွာ၊ လောကမာန်အောင်ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် *ရေချွေ တာသုံးစွဲရေးအသိပညာပွဲဟောပြောပွဲ*ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခိုတောင်ကျေးရွာမှ ဒေသခံပြည်သူ(၆၁)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပါသည်။

(၂၂-၃-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ ဒရယ်ပေါက်ကျေးရွာတွင် မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ - ဦးကျော်ထင်လတ် မှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

(၂၀.၃.၂၀၂၆) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦး‌အောင်စိုးမိုးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ ပဲခူးခရိုင်သစ်တောဦးစီးဌာနအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ သစ်တောဝန်ထမ်းများ စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ကြပါသည်။

(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၈:၃၀) နာရီတွင် မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့် အထိမ်းအမှတ်အခမ်းအနားကို သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ကျင်းပပြု လုပ်ရာ သာယာဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှုးကြီး မျိုးဇော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်များမှ သစ်တောဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အဖွဲ့ဝင်များ စုစုပေါင်း (၁၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

(၂၀-၃-၂၀၂၆)ရက်နေ့ (၁၄:၃၀)နာရီတွင် သစ်တောများထိန်းသိမ်းရေး၊ ရေသံယံဇာတ များထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် ခြင်း၊ ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ ကုန်းသာအုပ်စု သဲပုတ်ကျေးရွာတွင် သစ်တော များထိန်းသိမ်းရေး၊ ရေသံယံဇာတများထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲဆောင်ရွက်ရာ ကျား(၂၆)ဦး၊ မ(၄၇)ဦး၊ ပေါင်း(၇၃)ဦး တက်ရောက် ခဲ့ပါသည်။

Pages