ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှမေးခွန်းများနှင့်အဆိုတင်သွင်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားချက်များ

သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စုအတွင်းရှိ ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာကို နယ်နိမိတ်ပြန်လည်စိစစ်တိုင်းတာခြင်း၊ နယ်နိမိတ်မှတ်တိုင်စိုက်ထူခြင်း ကိစ္စနှင့် ပတ်သက်၍ ချောင်းကြိမ်းသစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးရန်အ

သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စုအတွင်းရှိ ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာကို နယ်နိမိတ်ပြန်လည်စိစစ်တိုင်းတာခြင်း၊ နယ်နိမိတ်မှတ်တိုင်စိုက်ထူခြင်း ကိစ္စနှင့် ပတ်သက်၍ ချောင်းကြိမ်းသစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးရန်အတွက်  လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၇)တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစီရင်ခံစာကိုတင်ပြခဲ့ပြီးဖြစ်ပါ ကြောင်း၊ ၎င်းအစီရင်ခံစာတွင် အုန်းဇုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာရှစ်ရွာကို ပြည်ထဲ ရေးအမည်ပေါက်ကျေးရွာ များအဖြစ် ၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး သစ်တောကြိုးဝိုင်း အတွင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း ယခင်သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့်နှင့်ထုတ်ပေး ထားသည့် ရွှေသတ္တုလုပ်ကွက်များနှင့် ဧရိယာချင်းထပ်နေသည့်အတွက်ကြောင့် လုပ်ကွက် ဧရိယာများနှင့် လွတ်ကင်းအောင်ကျေးရွာများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး တင်ပြခဲ့သည့် နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် မတ်လတွင် အတည်ပြုပေးခဲ့ပါကြောင်း၊ ထို့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့သော ကျေးရွာများကို နောင်ကာလများတွင် ကျေးရွာမြေ၊ သတ္တုလုပ် ကွက်မြေ၊ သစ်တောမြေရောထွေးမှုများ ထပ်မံမဖြစ်ပွားရအောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်လုပ်ဆောင်ပေးပါရန်ဆိုပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နေပြည်တော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စာဖြင့်ညှိနှိုင်း လာသည့်အတွက် ကျေးရွာရှစ်ရွာကို နယ်နိမိတ်ပြန်လည်စိစစ်တိုင်းတာခြင်း၊ နယ်နိမိတ် မှတ်တိုင်စိုက်ထူခြင်းကိစ္စအတွက် ခရိုင်အုပ်ချုပ်ရေးမှူးအား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး  လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် မိမိလည်းအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ပါကြောင်း၊ ကျန်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနများ၏ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁) မြေတိုင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင် သောအဖွဲ့အား အဖွဲ့ဝင်များအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇  ခုနှစ် ဖေဖော် ဝါရီလတွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကွင်းဆင်းစိစစ်တိုင်းတာရေးအဖွဲ့မှ ခေတ်မီစက်ကိရိယာ များနှင့်တိုင်းတာခဲ့ပြီး ကေျးရွာရှစ်ရွာ၏ ရွာမြေ၊ သစ်တောမြေ၊ သတ္တုရပ်ကွက်မြေဧရိယာ များကို Slide (၇) တွင် ဖော်ပြထားသော ဇယားအတိုင်းတိုင်းတာဖော်ထုတ်ခဲ့ပြီး ကွင်းဆင်း စစ်ဆေးချက်အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး(၁၄/၂၀၁၇)တွင် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊

ခေါနူးစုမ် အမျိုးသားဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့်  ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင် ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ထိထိရောက်ရောက် အရေးယူကာကွယ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊

နိုင်ငံအဝန်း သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်စေရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ယနေ့ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတါင် ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေကို ခံစားနေကြရခြင်းများကို ကုစားနိုင်ရန် နိုင်ငံတိုင်းလိုလိုပင် ဂရုတစိုက်ပြင်ဆင် ဆောင်ရွက်လာကြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရာသီဥတုအခြေအနေ ချိန်ခွင်လျှာညှိနိုင်ရန်အတွက် ပဲခူးရိုးမသစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်ဆိုင်းခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်းစီမံကိန်းကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းများ ဆောင်ရွက်နေသကဲ့သို့ တရားမဝင်သစ်ခိုး ထုတ်ယူခြင်း များကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောပြုန်းတီးမှုကို ဖြစ်စေနိုင်သည့်အရာများကိုလည်း လျှော့ချသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ၏ ၂.၄ ဘီလီယံခန့်သည် အစားအစာချက်ပြုတ်သုံးစွဲရာတွင် ထင်းနှင့် အခြားဇီဝလောင်စာများကို အသုံးပြုနေကြရပြီး ချက်ပြုတသည့် နေရာများတွင်လည်း ရိုးရာဖိုခုံလောက်မီးဖိုများကိုသာ အသုံးပြုနေကြဆဲဖြစ်ပါကြောင်း၊

ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေးအစရှိသည့်လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)
ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့်ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်း

ဦးညွန့်ဝင်း (ကန်ပက်လက်မဲဆန္ဒနယ်)
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင် ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ထိထိရောက်ရောက် အရေးယူကာကွယ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊

ကနီမြို့နယ်သစ်တောမြေများအတွင်းမြေဧက၁၀ဝနှင်‌့အထက် နှစ်၃၀ ဂရန်လုပ်ပိုင်ခွင်‌့ချထားခဲ့မှုများတွင် စာချုပ်ပါစည်းကမ်းချက်များကိုချိုးဖောက်နေခဲ့ကြသော်လည်းသက်ဆိုင်ရာဝန်ကြီးဌာနမှမည်သည်‌့အရေးယူ ဆောင်ရွက်မှုမျှမရှိသည်မှာမည်သည့်အတွက်ကြောင်‌့ ဆိုသည်ကိုသိလိုပါကြောင်းမ

၂၀၀၅-၀၆ ခုနှစ်တွင် သစ်တောမြေ၊ မြေလွတ်၊ မြေရိုင်းများသာမက ဒေသခံတောင်သူများ၏ လက်ရှိ လက်ငုတ်မြေယာများပေါ်တွင် ကြက်ဆူစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပါကြောင်း၊ ဦးစီးဌာနတိုင်း ဌာနအလိုက် ကြက်ဆူစိုက်ကွက်များကို တာဝန်ယူအကောင်အထည်ဖော် ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ၄င်းထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များလည်း ပါလာပါကြောင်း၊ ကြီးကြီးကျယ်ကျယ် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ပါကြောင်း၊သို့သော်တည်ဆဲ ဥပဒေများနှင်‌့အညီ ခွင်‌့ပြုချက်ရယူစိုက်ပျိုးခဲ့ခြင်း မဟုတ်ပါကြောင်း၊ နှုတ်မိန့်ဖြစ်သာဖြစ်ပါကြောင်း၊ ကြက်ဆူစိုက်ကွင်းတွင် ပါသွားသည့် မူလလက်ရှိ လက်ငုတ်တောင်သူများ ဒုက္ခရောက်ခဲ့ကြပါကြောင်း၊ ကြက်ဆူပင်ကြားထဲတွင် သီးထွက် သီးညှက်အနေဖြင့် လယ်ယာသီးနှံများကို စိုက်ပျိုးခွင်‌့ရရန် သက်ဆိုင်ရာကြက်ဆူ ဆိုင်းဘုတ်ထောင် ပိုင်ရှင်များကို သီးစားခပေးခဲ့ရခြင်းများလည်း ရှိပါကြောင်း၊ အချို့မှ သီးစားခ ချထားခြင်း မခံရဘဲ အခြားသူကိုပြောင်းပြီး သီးစားခချထားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကြက်ဆူစိုက်ကွက်များကို နှုတ်မိန့်ခွင်‌့ပြုချက်ဖြင့် ဧကရာထောင်ချီ စိုက်ပျိုးခွင်‌့ရခဲ့သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် သစ်တောမြေအတွင်း ကျ‌ရောက်နေသည့်အတွက် သစ်တောမြေ လုပ်ပိုင်ခွင်‌့များကို နှစ် ၃၀ ခန့်ရရှိခဲ့ကြပါကြောင်း၊ အချို့မှ မူလကြက်ဆူစိုက်ခွင်‌့ နှစ် ၃၀ ဂရန် ဖြစ်ပြီး၊ တချို့မှ သစ်မာစိုက်ခွင်‌့ နှစ် ၃၀ ဂရန်ရရှိသွားကြခြင်းများ ဖြစ်ပါကြောင်း၊ ကြက်ဆူစိုက်ကွင်း နှစ် ၃၀ ဂရန်ပါစာချုပ်ပါ အကြောင်းအရာများကို လေ့လာကြည့်သည့်အခါ ဧက ၃၂၀၀ လုံး ကြက်ဆူစိုက်ပြီး ဖြစ်သည့်အတွက် နှစ် ၃၀ ဂရန်လုပ်ပိုင်ခွင်‌့ပေးသည်ဟု ဖော်ပြပါရှိ သော်လည်း တည်ဆဲသစ်တောဥပဒေ ပုဒ်မ၁၂ (က) တွင် သစ်တောမြေအတွင်း စီးပွားရေး လုပ်ငန်းတစ်ရပ် လုပ်ကိုင်လိုလှင် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောတူညီချက်ကို ကြိုတင်ရယူရမည်ဟု ဖော်ပြပါရှိသည့်အတွက် စာချုပ်သည်ဥပဒေနှင့် ညီညွတ်သည့် စာချုပ်မဟုတ်ပါကြောင်း၊ ထို့ကြောင်‌့ စည်းကမ်းချက်များထဲတွင် ကြက်ဆူခွင့်ပြုစိုက်ပျိုးမြေတွင် အခြားသီးနှံပြောင်း စိုက်ပျိုးခြင်းမပြုရဟု ပါပါကြောင်း၊ အခုချိန်တွင် ကြက်ဆူပင်တစ်ပင်မှမရှိဘဲ အခြားအပင်များသာ စိုက်ပျိုးထားခြင်း ဖြစ်ပါကြောင်း၊ စည်းကမ်းချက် တစ်စုံတစ်ရာ ချိုးဖောက်ပါက စာချုပ်ဖျက်သိမ်း၍ မြေသိမ်းယူခြင်းခံရမည်ဟုလည်း ဖော်ပြထားပါကြောင်း၊ သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ညှန်ကြားချက်အရ သစ်တောမြေ လုပ်ပိုင်ခွင်‌့ရယူ ထားမှုများနှင်‌့့ပတ်သက်ပြီး အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ခြင်းရှိ/မရှိ၊ အမှန်တကယ် စိုက်ပျိုးဧရိယာများကို စာချုပ်ပြင်ဆင်ချုပ်ဆိုရန်စသည့် သက်ဆိုင်ရာညှန်ကြား ချက်အပေါ် သက်ဆိုင်ရာဌာနများက ၈-၁-၂၀၁၇ ရက်နေ့တွင် ကြက်ဆူစိုက်ကွင်းများကို ကွင်းဆင်းစိစစ် တိုင်းတာခဲ့ရာ အခြားအပင်များဧက ၁၉၀ ကျော် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့သော်လည်း ဝန်ကြီးဌာနမှ အရေးယူဆောင်ရွက် ထားခြင်းမရှိပါကြောင်း၊ အခြားသစ်တော မြေလုပ်ပိုင်ခွင်‌့ရယူထားသည်များကိုလည်း လေ့လာစိစစ်ခြင်းများလည်း မလုပ်ခဲ့ပါကြောင်း၊ သစ်မာစိုက်ခွင်‌့ နှစ် ၃၀ ဂရန်စည်းကမ်းချက်များတွင် သတ်မှတ်ကာလအတွင်း ဧရိယာအားလုံးတွင် စိုက်ပျိုးရန်နှင့်စိုက်ပျိုးခြင်း မရှိပါက သစ်တောဦးစီးဌာနသို့ ပြန်အပ်ရန်၊ စည်းကမ်းချက် တစ်စုံတစ်ရာ ချိုးဖောက်ပါက စာချုပ်ဖျက်သိမ်းခြင်း၊ မြေပြန်သိမ်းခြင်းစသည်ဖြင်‌့ ပါရှိပါကြောင်း၊ ကနီမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လှတ်တော်ကိုယ်စားလှယ်က တင်ဝင်းထွန်းကုမ္ပဏီ ကြက်ဆူနှစ် ၃၀ ဂရန် လုပ်ပိုင်ခွင်‌့နှင်‌့ပတ်သက်ပြီး ဂရန်ပါစည်းကမ်းချက်များနှင်‌့ မကိုက်ညီသည့်အတွက် စာချုပ်ဖျက်သိမ်း မြေပြန်သိမ်းရန် အဆိုတင်ခဲ့ရာ တိုင်းဒေသကြီး လှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကနီမြို့နယ်၊ သစ်တောမြေများအတွင်း မြေဧက ၁၀၀ နှင်‌့အထက် နှစ် ၃၀ ဂရန် လုပ်ပိုင်ခွင်‌့ချထားခဲ့မှုများတွင် စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်နေခဲဲ့ကြသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သည်‌့အရေးယူ ဆောင်ရွက်မှုမှ မရှိသည်မှာ မည်သည့်အတွက်ကြောင်‌့ ဆိုသည်ကိုသိလိုပါကြောင်းနှင်‌့ ကနီမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လှတ်တော်ကိုယ်စားလှယ်က ပေါက်အင်းတောင်ကြိုးဝိုင်းအတွင်း တင်ဝင်းထွန်း ကုမ္ပဏီ၏ နှစ် ၃၀ ဂရန် လုပ်ပိုင်ခွင်‌့စာချုပ်အား ဖျက်သိမ်းပေးရန် အဆိုအတည်ပြုခဲ့မှုနှင်‌့ စပ်လျဥ်း၍ မည်သို့ဆောင်ရွက် ပေးမည်တို့ကို သိလိုရှိလိုပါကြောင်း မေးမြန်းပါသည်။

သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် နေပြည်တော်ကောင်စီမှ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးမြန်

ဒုတိယအကြိမ် ပြည်သူ့လှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သီရိမင်္ဂလာကျေးရွာနှင့် သဲဖြူကျေးရွာတို့အား ပြည်ထဲရေးအမည်ပေါက် ကျေးရွာများအဖြစ် သတ်မှတ်ပေးရန် အစီအစဥ်ရှိ/မရှိ ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါသည်။ သီရိမင်္ဂလာကျေးရွာနှင့် စပ်လျဥ်း၍ နေပြည်တော် ကောင်စီမှ ပြန်လည်ဖြေကြားရာ သီရိမင်္ဂလာကျေးရွာသည် ပလွေးသစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၊ ၃) အတွင်း၌ လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် အိမ်ခြေ ၅၀ နှင့် အထက်၊ အောက်ကျေးရွာများအား သစ်တောမြေမှ ပယ်ဖျက်နိုင်ရေး စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့ကြောင်း၊ စာရင်းကောက်နေဆဲ ကာလတွင် မူလနေထိုင်သည့် ဦးရေထက် ပိုမို၍ ကျူးကျော်နေထိုင်ရန် ဆောင်ရွက်လာသည့်အတွက် စာရင်းကောက်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် ကျေးရွာဖြစ်ကြောင်း၊ ထိုအချိန်က ကျူးကျော်နေထိုင်သူ ၂၄၆ ဦးရှိပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တရားစွဲဆိုခဲ့ရာ တရားရုံးမှတစ်ဦးလှင် ဒဏ်ငွေ ၅၀၀၀ ကျပ်စီ တပ်ရိုက်ခဲ့ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမှသာ ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ သီရိမင်္ဂလာကျေးရွာသည် သရက်ဇုန်စီမံကိန်းအတွင်း ပါဝင်နေပြီး သရက်ဇုန်စီမံကိန်း မြေများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုအချိန်က လုပ်ပိုင်ခွင့်ရသူ တစ်ဦးတစ်ယောက် မြေလက်ဝယ်ရယူရန် ခက်ခဲနေသည့်အတွက် သစ်တောဦးစီးဌာနမှ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲခံရသူတချို့က ပြောကြပါသည််။ ကျေးရွာမြေ တစ်ခြမ်းတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဖြစ်နေပြီး ၎င်းမြေပေါ်တွင်ရှိသည့် ကျူးကျော်အိမ်ထောင်စုများအား တရားစွဲဆိုခံရမှုမရှိဘဲ သစ်တောကျူးကျော် အိမ်ထောင်စုများကိုသာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါကြောင်း၊ သီရိမင်္ဂလာကျေးရွာတွင် ဒေသခံ ၁၇၅ ဦး၊ ဝန်ထမ်း ၇၅ အိမ်ထောင်စု၊ အငြိမ်းစားဝန်ထမ်း ၁၅ အိမ်ထောင်စု၊ ရှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၁၈၄ စုစုပေါင်းအိမ်ခြေ ၄၄၉ အိမ်နှင့် လူဦးရေ ၁၆၁၈ ဦး နေထိုင်ကြောင်း ရပ်ရွာအကြီးအမှူးများထံမှ သိရှိရပြီး ကျူးကျော်မှုများ နိုင်ငံတော်ပိုင်မြေများအား အကွက်ရိုက်ရောင်းစား နေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် တစ်စုံတစ်ရာ ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် နေပြည်တော်ကောင်စီမှ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဥ်ရှိ/မရှိ၊ နိုင်ငံတော်ပိုင်မြေများအား အကွက်ရိုက်ရောင်းစား နေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

တောစုကျေးရွာ စိမ့်စမ်းရေတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာ သတ်မှတ်ပြီး ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာသည် အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကျေးရွာဖြစ်ပါကြောင်း၊ ရေတွင်း၊ ရေကန်တူးဖော်ရန် အလွန်ခက်ခဲသောကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာအနီးရှိ တောင်ပေါ်မှထွက်ရှိ သော သဘာဝစိမ့်စမ်းရေတွင်းမှရေကိုသာ အဓိကထားပြီး အသုံးပြုနေရပါကြောင်း၊ ကျေးရွာရေရှည် တည်တံ့နိုင်ရန်နှင်‌့ သောက်သုံးရေ လုံလောက်စွာရရှိစေရန် သဘာဝစိမ့်စမ်းရေတွင်းဧရိယာအား တောင်ယာခုတ်ခြင်း၊ သစ်၊ ဝါးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုရန် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် စတင်တားမြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် အဆိုပါသဘာဝ စိမ့်စမ်းရေထိန်းတောအား ကျေးရွာကော်မတီဖွဲ့စည်းပြီး အစဉ်အဆက်ကာကွယ်စောင်‌့ရှောက် ခဲ့ကြပါကြောင်း၊ မြို့နယ်ဌာနဆိုင်ရာများနှင်‌့ ရေထိန်းတောကော်မတီဝင်များ ကွင်းဆင်း လေ့လာချက်များအရ တောစုကျေးရွာအနီးရှိ ရေထိန်းတောဧရိယာသည် မြေမျက်နှာပြင် အနေအထားမှာ တောင်ကုန်း၊ တောင်တန်းများသာဖြစ်ပြီး မြေပြန့်များမရှိခြင်း၊ ပိတောက်၊ ပျဉ်းကတိုးနှင်‌့ အခြားသစ်မာပင်ကြီးများ အစုလိုက်ပေါက်ရောက်ခြင်း၊ အောက်ခံမြေဆီလွှာမှာ ကျောက်သားများသာဖြစ်သဖြင်‌့ အခြားမြေအသုံးချမှုပြောင်းလဲရန် မသင်‌့တော်ဘဲ သဘာဝ ရေထိန်းတောအဖြစ် ၁၂၈၅ ဧကခန့်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေကြောင်း ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်နှင်‌့ ဌာနဆိုင်ရာမှတ်တမ်းများအရ သိရှိရပါကြောင်း၊

ယခုအခါ တောစုကျေးရွာတစ်ခုလုံး အသက်သွေးကြောသဖွယ် အဓိက မှီခိုအားထားနေရသော သဘာဝရေထိန်းတောဧရိယာအတွင်း သစ်ပင်များခုတ်လှဲခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ မြေလွတ်၊ မြေရိုင်းလျှောက်ထားမှုကို ကျေးရွာမှအကြိမ်ကြိမ်ကန့်ကွက် တားမြစ်နေရခြင်း၊ ရေထိန်းတောအတွင်း ကျူးကျော်အဆောက်အဦ ဆောက်လုပ်ခြင်းနှင်‌့ သစ်ပင်ခုတ်လှဲဖျက်ဆီးသူများကို သွားရောက် တားမြစ်သော ကျေးရွာသူကျေးရွာသားများနှင်‌့ ရေထိန်းတောကော်မတီအဖွဲ့ဝင်များကိုပါ အသက် အန္တရာယ်ခြိမ်းခြောက်သည်အထိ ရှိနေပါကြောင်း၊ ရေထိန်းတောဧရိယာပျောက်ကွယ်ပြီး စိမ့်စမ်းရေ များခန်းခြောက်သွားမည့်အရေးကိုလည်း ကျေးရွာသူ ကျေးရွာသားများမှ များစွာပူပန်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သောက်သုံးရေတွင်း၊ ရေကန်တူးဖော်ရန်ခက်ခဲပြီး သဘာဝစိမ့်စမ်းရေကိုသာ အဓိကမှီခိုသုံးစွဲနေရသော တောစုကျေးရွာ စိမ့်စမ်းရေတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာ သတ်မှတ်ပြီး ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင် ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိသော မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကစပြီး ကုန်းတက်မြေများ ပေါ်ထွန်းလာရာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီရေတောများ သဘာဝအလျောက် ဖြစ်ထွန်းလျက်ရှိသည်မှာ ယခုဆိုလျှင် စုစုပေါင်းအကျယ်အဝန်း ၄၃.၃၄ စတုရန်းမိုင်၊ အလျား ၃၅.၆၉ မိုင်၊ အနံ ၁.၄၈၇ မိုင်၊ ဧကအားဖြင့် ၂၇၇၃၈ ဧက ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခင်ကာလက ၎င်းကုန်းတက် မြေအချို့တွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ငါး၊ ပုစွန်ကန်များ၊ လယ်ယာမြေများ ချထားပေးခဲ့ပါကြောင်း၊ ၎င်းငါး၊ ပုစွန်ကန်များကြောင့် ဒီရေတောများမဖြစ်ထွန်းနိုင်ဘဲ ဒေသခံများအတွက်လည်း ငါး၊ ပုစွန်များရှာဖွေရာ အကန့်အသတ်များ ရှိခဲ့ပါကြောင်း၊ ငါး၊ ပုစွန်ကန်များအဖြစ် ဆက်လက်၍တိုးချဲ့နိုင်ရေးလည်း ကြိုးပမ်းလျက် ရှိနေပါကြောင်း၊

၂၀၀၈ ခုနှစ် မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံသားများ သိန်းချီအသက်ဆုံးရှုံးခဲ့ရသည်ကို မမေ့နိုင်သေးပါကြောင်း၊ ထို့အတူ ဒီရေတောများကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြရသည်ကိုလည်း သင်ခန်းစာယူကြရမည် ဖြစ်ပါကြောင်း၊ ဒီရေတောများ၏ တန်ဖိုးကိုလည်း လူတိုင်းက သိရှိပြီးဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးနှင့် ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ထိခိုက်မှုလျော့နည်းသက်သာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့စေရေး၊ ဒေသခံပြည်သူများ သား၊ ငါး၊ ပုစွန် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များတွင် ကုန်းတက်မြေ ၂၇၇၃၈ ဧကအား ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်း

နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်ခွင့်အား ပိတ်ပင်ခဲ့ပြီး ၂၀၁၇ တွင် အကန့် အသတ်ဖြင့် ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့်အား ရာသီဥတုဖောက်ပြန်မှု၊ သစ်အလွန်အကျွံထုတ်လုပ်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည့်အတွက် ကြိုဆိုရမည်ဖြစ် သော်လည်း အကျိုးဆက်အဖြစ် သစ်၊ ဝါးများကို အဓိကအားထားနေရသည့် ပြည်သူအများစုသည် အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ အိမ်ရာဆောက်လုပ်ခြင်းများ၊ လူနေမှုစရိုက် သဘာဝအရ၊ လူနေမှုအဆင့်အတန်းအရ သစ်အသုံးပြုမှုများသည် မြန်မာနိုင်ငံသားတွေအတွက် အလွန် လိုအပ်လျက်ရှိပါကြောင်း၊

ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ

ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်

ဦးခွန်လိန်း( ဖလမ်း မဲဆန္ဒနယ်)၏ ဖွံ့ဖြိုးရေးရန်ပုံငွေများကို မည်သည့်နေရာမှရရှိလာပြီး မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်ကို ထင်သာမြင်သာရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊မရှိ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ကို နိုင်ငံတော်မှ ဆင်းရဲနွမ်း ပါးမှုလျော့ချရန် ရရှိလာသော ဖွံ့ဖြိုးရေးရန်ပုံငွေများကို မည်သည့်နေရာမှ ရရှိလာပြီး မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်ကို ဒေသခံပြည်သူများအနေဖြင့် လုံးဝမသိရှိပါကြောင်း၊ ယင်းကဲ့သို့သော ဒေသခံပြည်သူများ၏ နား၊ မျက်စိ ပိတ်မိနေရသည်ဟု မိမိအနေဖြင့်ယူဆမိပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေးအတွက် ယနေ့အထိ အစိုးရမှ ဆောင်ရွက်ပေးခဲ့သည့် စာရင်း ဇယားများနှင့် ကုန်ကျစရိတ်အရပ်ရပ်ကို ထင်သာမြင်သာရှိအောင် လမ်းဖောက်လုပ်ရေး၊တယ်လီဖုန်း တာဝါတိုင် တီဗွီ၊ စွမ်းအင်စသည်ဖြင့် လိုအပ်သည့်နေရာများတွင် မည်သို့သုံးစွဲသည်ကို မိမိတို့က သိခွင့်ရှိ/မရှိနှင့် ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။

ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)၏ ကျေးရွာမြေ၊ စိုက်ပျိုးမြေများပါဝင်နေသော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ အဆိုပြုကြိုးဝိုင်း၊ ဘေးမဲ့တော၊ အဆိုပြုဘေးမဲ့တော့၌ ဆက်လက်ပြီး ပယ်ဖျက်သွားရန် အစီအစဉ်ရှိ/မရှိ မေးခွန်း

မြန်မာနိုင်ငံဒေသအသီးသီးတွင် သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့တောများ ထိန်းသိမ်းနေခြင်းသည် အင်မတန်ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပြီး တိုးချဲ့ သတ်မှတ်သင့်တဲ့နေရာများကိုလည်း တိုးချဲ့သတ်မှတ်ဖို့လိုပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ သတ်မှတ်သည့်နေရာများတွင် စိုက်ပျိုးမြေ၊ ရွာမြေများနှင့် လွတ်ကင်းသော ဒေသများကို သတ်မှတ်ရန် ညွှန်ကြားထား မည်ဟုလည်း ယုံကြည်ပါကြောင်း၊ သို့ရာတွင် ဟူကောင်း ဘေးမဲ့အဆိုပြုတော သတ်မှတ်သည့် နေရာတွင် ခန္တီးမြို့နယ်က ကျေးရွာ ၆ ရွာ နှင့် စိုက်ပျိုးမြေများ၊ နန်းယွန်း မြို့နယ်က ကျေးရွာ ၅ ရွာနှင့် စိုက်ပျိုးမြေများ ကချင်ပြည်နယ်၊ ချီဖွေယန်မြို့နယ်ခွဲက ကျေးရွာများနှင့် စိုက်ပျိုးမြေများပါဝင်နေကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအနေဖြင့် ပထမ အကြိမ် ကျေးရွာပေါင်း ၁၂၁၃ ရွာ၊ စိုက်ပျိုးမြေပေါင်း ၃၄၅၈၈၉.၁၃ ဧက ကြိုးပြင်တော၊ ကာကွယ်တောများမှ ပယ်ဖျက်ပြီးကြောင်းနှင့် ဒုတိယအကြိမ် ထပ်မံပယ်ဖျက်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြထားရှိရာ ဟူးကောင်းဘေးမဲ့တော ပါဝင်ခြင်းရှိ/မရှိနှင့် ကျေးရွာမြေ၊ စိုက်ပျိုးမြေများပါဝင်နေသော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ အဆိုပြုကြိုးဝိုင်း၊ ဘေးမဲ့တော၊ အဆိုပြုဘေးမဲ့တော့၌ ဆက်လက်ပြီး ပယ်ဖျက်သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်)၏ သစ်တောနယ်မြေအတွင်း တာဝါတိုင်စိုက်ထူခြင်းနှင့်ပတ်သည့်မေးခွန်း

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများတစ်ဦးနှင့်တစ်ဦး အလျင်အမြန် ချိတ်ဆက်မိရန်နှင့်ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် တာဝါတိုင်များကို နေရာအနှံ့စိုက်ထူခဲ့ကြပါကြောင်း၊ ယခုလိုစိုက်ထူသည့်အခါ လူနေအိမ်၊ ခြံများ၊ ပိုင်ရှင်ရှိသည့် ယာမြေများနှင့် သစ်တောပိုင်နယ်မြေများတွင် စိုက်ထူလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပိုင်မြေများပေါ်တွင် စိုက်ထူပါက မြေပိုင်ရှင်နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုကြပြီး မြေငှားရမ်းခကို ပိုင်ရှင်များထံပေးဆောင်ကြ၍ စာချုပ်သက်တမ်းကို ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်ချုပ်ဆိုကြသည်ဟု သိရှိရပါကြောင်း၊ လူနေအိမ်များအတွင်း စိုက်ထူခြင်းသည် အိမ်နီးချင်းများ၏ သဘောတူညီမှုကို ရယူပြီး စိုက်ထူကြသည်ဟု ဆိုပါကြောင်း၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူနေထူထပ်သော ရပ်ကွက်၊ ကျေးရွာများအတွင်း စိုက်ထူခြင်း မပြုလုပ်သင်‌့ပါကြောင်း၊ တာဝါတိုင်စိုက်ထူသည့် ခံစားခွင်‌့ရသူအတွက် အဆင်ပြေနိုင်သော်လည်း ပတ်ဝန်းကျင်အတွက် ရေရှည်တွင် ကျန်းမာရေးအရ၊ လူမှုရေးအရပါ ပြဿနာရှိပါကြောင်း၊ ထို့နောက် သစ်တောနယ်မြေအတွင်း စိုက်ထူရာတွင်လည်း ဌာနနှင်‌့ပြည်သူတို့ အငြင်းပွားနေဆဲနေရာတွင် တာဝါတိုင်စိုက်ခြင်းများလည်း ရှိပါကြောင်း၊ မဲဆန္ဒနယ်မြေအတွင်းရှိ ပန်းညိုကာကွယ်တောထဲတွင် Telenor တာဝါတိုင် စိုက်ထူထား ပါကြောင်း၊ ခုနက မိမိတင်ပြသကဲ့သို့ ဌာနနှင့်ပြည်သူအငြင်းပွားနေသည့် နေရာတွင် တာဝါတိုင် စိုက်ထူခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ စိုက်ထားသည့် တာဝါတိုင်၏ စာချုပ်သက်တမ်းကိုကြည့်သည့်အခါ ငါးနှစ်သက်တမ်းသာ ချုပ်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စာချုပ်သက်တမ်းကုန်ဆုံး သွားပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို သိချင်ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမြေ ၂၅.၁၆ ရာခိုင်နှုန်းရှိပြီး ဧရိယာအားဖြင့် သိန်းပေါင်း ၄၂၀ ကျော် ဧကရှိသည်ဟုလည်း ကြားသိရပါကြောင်း၊ ၎င်းဧကအတွင်း စိုက်ထူထားသော တာဝါတိုင်ပေါင်း ၂၄၁ တိုင်ရှိပြီး တာဝါတိုင်များတွင် မှန်ကန်သည့် စာချုပ်များရှိ/မရှိနှင့် ယခုလို သစ်တောနယ်မြေအတွင်း တာဝါတိုင်စိုက်ထူခြင်းများသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)၏ မန်ဂျန်းရှားလို့ခေါ်သည့် ဂျပန် ပိတောက်သစ်အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေး ဗဟုသုတဖြန့်ဖြူးပေးခြင်း၊ အားပေးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်မေးခွန်း

သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝကပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများ၊ ဂေဟစနစ်ပျက်စီးမှုများ၊ သစ်တောသစ်ပင်ရှားပါးလာမှုကြောင့် နေအိမ်ဆောက်လုပ်ရန်နှင့် သစ်ဈေးနှုန်း ကြီးမြင့်မှု၊ အိမ်ဆောက်သစ်အမျိုးအစားရှားပါး လာခြင်းနှင့် အိမ်သုံးပစ္စည်းပြုလုပ်ရန် ခက်ခဲမှု၊ ချက်ပြုတ်ရန် သစ်တောသစ်ပင်များရှားပါးလာမှုစသည့် အခက်အခဲများကို အထိုက်အလျောက်ပြေလည်လာစေနိုင်ရန် သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် စီးပွားဖြစ် စိုက်ပျိုးနေကြသည့် Acacia ဂျပန်ပိတောက်ခေါ် မန်ဂျန်းရှား Acacia mangium ဟုခေါ်သည့် အကြီး မြန်သည့်သစ်ပင် သစ်အမျိုးအစားသည် ညိုဝါရောင်ရှိပြီး ကျွန်းလိုသစ်ခွဲသားတွင် အကွက်လေး များပါပြီး တစ်နှစ်ကို ၁၀ ပေလောက်ထိ ကြီးထွားနှုန်းမြန်ပြီး ၁၀ နှစ်လောက်ဆိုပါက ‌ရောင်းတန်းဝင်သည့် သစ်အမျိုး အစားဖြစ်သည်ဟု သိရပါကြောင်း၊ ကိုင်းတက်များကို များများခုတ်ပေးခြင်းအားဖြင့် ကြီးထွားနှုန်း ပိုမြန်ပြီး ထင်းလိုအပ်ချက်ကို သစ်ပင်ကိုခုတ်လှဲရန်မလိုဘဲ ကိုင်းတက်များကိုခုတ်ပြီး အသုံးပြုနိုင်သည့်အတွက် သစ်ပင်သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ပါကြောင်း၊ ၎င်းသစ်ပင်အမျိုးအစားများသည် မကြာခဏ အရွက်ကြွေလိုက်၊ ပြန်ထွက်လိုက်ဖြစ်သည့်အတွက်ကြောင့် မြေဆီလွှာကိုထိန်းအား ပိုကောင်းပြီး မြေ အမျိုးအစားမရွေးစိုက်ပျိုးနိုင်သည်ဟု သိရပါကြောင်း၊ သို့သော် အအေးလွန်ကဲသည့်နေရာများတွင် စိုက်ပျိုး၍ မရနိုင်ကြောင်း၊ အပူချိန် ၁၅ ဒီဂရီနှင့် ၂၂ ဒီဂရီစင်တီဂရိတ် ရှိသည့်ဒေသများတွင် ပိုပြီးဖြစ် ထွန်း ပါကြောင်း၊ အမြင့်မီတာ ၃၀ ရှိပြီး ၁၀ နှစ် အရွယ်တွင် သစ်လုံး၏အချင်းတစ်ပေ၊ တစ်ပေခွဲ လောက်ရှိနိုင်ပြီး အပင်မှဖြောင့်တန်းသည့်အတွက် သစ်ခွဲသားပြုလုပ်ပါက အလွန်ကောင်း ကြောင်း နှင့် ခုနစ်ပေခြားလောက်စိုက်နိုင်မည်ဆိုပါက တစ်ဧက ကို အပင်ရေ ၉၀၀ လောက်ထိ စိုက်နိုင်ပါကြောင်း၊ အပင်စိပ်လို့ အပင်လှီခြင်း၊ သေးခြင်း မရှိဘဲဖြောင့်တန်းပြီး ရှင်သန်နိုင်သည့်အတွက် အကိုင်းအခက်များ ခုတ်ပေးရန်လိုပါကြောင်း၊ ရွှံ့မြေတွင် စိုက်ပျိုး၍မရပါကြောင်း၊ ၎င်းသစ်စေ့၊ မျိုးစေ့ တစ်ကီလိုလျှင် အစေ့ တစ်သိန်းကျော်လောက်ရှိကြောင်း၊ အပင်ပျိုးသည်အခါ နှစ်စေ့လောက်ထည့်ပြီး ပျိုးရကြောင်း၊ အပင်ပျိုးရန် အတွက် အစေ့ကိုရေနွေးဆူဆူတွင်ထည့်ပြီး ချက်ချင်းပြန်ဆယ်၍ ရေအေးအေးတွင် ချက်ချင်းပြန်စိမ်ပြီး သုံးကြိမ်လောက် ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ တချို့မှ ညပိုင်းရေစိမ်၍ နေ့ပိုင်းတွင် လေသလပ်ခံပြီး စိုက်ပျိုးကြကြောင်း၊ ၎င်းသစ်မျိုးကို နယူဂီနီမှာစပြီး စိုက်ပျိုးကြောင်း၊ မိမိတို့မြို့နယ်တွင် ကုမ္ပဏီတစ်ခုမှ ဒေါနတောင်ခြေတွင် ဧက ၅၀၀၀ လောက် စမ်းသပ်စိုက်မည်ဟု သိရပါကြောင်း၊ သစ်မာအမျိုးအစား ဖြစ်သည့်အတွက် နေအိမ်ဆောက်လုပ်ခြင်း၊ အိမ်ဆောက်ပရိဘောဂများ ဆောက်လုပ်ခြင်းနှင့် ချက်ပြုတ် ရန် ထင်းများအတွက် သစ်ပင်ကိုခုတ်လှဲရန် မလိုဘဲ အကိုင်းအခက်များကို ခုတ်ပြီး သုံးရသည့် အတွက် ကြောင့် ကျေးလက်နေပြည်သူများအတွက် အသုံးဝင်သည့်အတွက် ကျေးရွာသုံးစိုက်ခင်းများ၊ နေအိမ် ခြံဝင်းများနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်များတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်မည်ဆိုပါက နိုင်ငံ ၏ သစ်တောပြုန်းတီးမှုများကို အထိုက်အလျောက်အမြန်ဆုံးကာကွယ် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ကျေးလက်နေပြည်သူများအတွက် အကျိုးများပြီး အကြီးမြန်သည့် မန်ဂျန်းရှားလို့ခေါ်သည့် ဂျပန် ပိတောက်သစ် အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေး ဗဟုသုတဖြန့်ဖြူးပေးခြင်း၊ အားပေးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ တို့ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။

ဦးမင်းသိန်း(တောင်တွင်းကြီးမဲဆန္ဒနယ်) ၏ ဆင်များနှင့်ပတ်သက်သည့်မေးခွန်း

မြန်မာ့မြေပေါ်တွင် အာရှဆင်မျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကျက်စား နေထိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဆင်များသည် အိန္ဒိယဆင် မျိုးစိတ်တွင် ပါဝင်ပြီး တိရစ္ဆာန်များထဲတွင် လေ့ကျင့်သင်ကြားရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်များစွာရှိခဲ့သော်လည်း အာဖရိကဆင်နှင့် အာရှဆင်နှစ်မျိုးသာ ကျန်ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများက ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လာကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ဟူ၍ သတ်မှတ်ထားရှိပါကြောင်း၊မြန်မာနိုင်ငံတွင် ဆင်မုဆိုးများသတ်ဖြတ်နေမှုကြောင့် မကြာမီမျိုးသုဉ်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ရပါကြောင်း၊ ဆင်များကိုအရေးတကြီးကာကွယ် စောင့်ရှောက်ဖို့လိုနေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှမည်ကဲ့သို့သောအစီအစဉ် များ စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိလိုပါသောကြောင့် မေးမြန်းပါသည်။

ဦးမင်းသိန်း(တောင်တွင်းကြီးမဲဆန္ဒနယ်) ၏ ဆင်များနှင့်ပတ်သက်သည့်မေးခွန်း

မြန်မာ့မြေပေါ်တွင် အာရှဆင်မျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကျက်စား နေထိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဆင်များသည် အိန္ဒိယဆင် မျိုးစိတ်တွင် ပါဝင်ပြီး တိရစ္ဆာန်များထဲတွင် လေ့ကျင့်သင်ကြားရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်များစွာရှိခဲ့သော်လည်း အာဖရိကဆင်နှင့် အာရှဆင်နှစ်မျိုးသာ ကျန်ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများက ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လာကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ဟူ၍ သတ်မှတ်ထားရှိပါကြောင်း၊မြန်မာနိုင်ငံတွင် ဆင်မုဆိုးများသတ်ဖြတ်နေမှုကြောင့် မကြာမီမျိုးသုဉ်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ရပါကြောင်း၊ ဆင်များကိုအရေးတကြီးကာကွယ် စောင့်ရှောက်ဖို့လိုနေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှမည်ကဲ့သို့သောအစီအစဉ် များ စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိလိုပါသောကြောင့် မေးမြန်းပါသည်။