၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၉-၃-၂၀၂၆)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ငှက်သိုက်ကျေးရွာအုပ်စု၊ အပြင်သဲဖြူကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် “သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်း(၁၀)ဦး၊ မြို့နယ်အမျိုးသမီးရေးရာမှ(၃)ဦးနှင့် အပြင်သဲဖြူကျေးရွာမှ အမျိူးသား (၁၉)ဦး၊ အမျိုးသမီး(၄၂)ဦး၊ စုစုပေါင်းအမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၄၅)ဦး၊ စုစုပေါင်း(၇၄)ဦးတို့ တက် ရောက်ခဲ့ပါသည်။

(၂၉-၃-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ကျင်းပခဲ့ရာ ကမာကလူကျေးရွာမှ ကျေးရွာသူ/ ကျေးရွာသား များ၊ သန်လျင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး၊ ဦးစိန်မောင်နှင့် သစ်တော ဝန်ထမ်း(၂)ဦးပါ ကျား(၂၈)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပါသည်။

(၂၈-၃-၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာ၊ စာသင် ကျောင်းတွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ကွင်းပုန်းကျေးရွာ တာဝန်ခံ၊ ဒေသခံပြည်သူ ကျား(၄၅)ဦး၊ မ(၄၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၈၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

သစ်တောဦးစီးဌာန၏ (၁၁/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၃-၂၀၂၆)ရက်၊ ကြာသပတေးနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

(၂၅-၃-၂၀၂၆)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက်၊ အရုဏ်ဦးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်း ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ "သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ"ကျင်းပရာ လာရှိုးမြို့နေ ဒေသခံပြည်သူ(၅၇)ဦးတက်ရောက်ခဲ့ပြီး လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိမှ "စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်" ခေါင်းစဉ်ဖြင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခဲ့ပါကြောင်း သိရှိရ သည်။

(၂၆-၃-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ"အခမ်းအနားကို ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူ ကျား(၁၂)ဦး၊ ကျေးရွာသူ မ(၃၉)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ စုစုပေါင်း ( ၅၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

(၂၅-၃-၂၀၂၆)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သပြေကွင်းကျေးရွာ၊ အမက(သပြေကွင်း)ကျောင်းတွင် *ရေချွေတာသုံးစွဲရေး အသိပညာပွဲဟောပြောပွဲ*ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ သပြေကွင်းကျေးရွာမှဒေသခံပြည်သူ(၆၅)ဦး၊ စုစုပေါင်း(၆၈)ဦး တက်ရောက် ခဲ့ပါသည်။

(၂၅-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမတ် ကျေးရွာအုပ်စု၊ မဟဲသစ်တောင်ဒဂုံဆီအုန်းစိုက်ခင်း ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ မဟဲသစ်တောင်ဒဂုံဆီအုန်းစိုက်ခင်း ဇုန်မန်နေဂျာ ဦးကျော်ဝင်းနှင့် မဟဲသစ် တောင်ဒဂုံ၊ ဆီအုန်းခြံမှ အမျိုးသား(၈၂)ဦး/အမျိုးသမီး(၂၀)ဦး ၊ စုစုပေါင်း(၁၀၂)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၄)ဦး၊ စုစုပေါင်း (၁၀၆)ဦးတက်ရောက်ခဲ့ကြပါသည်။

Pages