Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁,၃၆၃)ဧကရှိသောနယ်မြေကို “ ဂဟဲ(၂) ကြိုးပြင်ကာ ကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၂၈/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
ဂဟဲ(၂)ကြိုးပြင်ကာကွယ်တောဧရိယာ အနီးအနားရှိ ဒေသခံပြည်သူများ၏ စားဝတ် နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ရေမြေထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝ ဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ် မှတ်ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၂၂,၀၀၆)ဧကရှိသောနယ်မြေကို “နန်ဖာဒင်ကြိုးပြင်ကာ ကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ ၀တပေါင်းလပြည့်ကျော် (၉) ရက် (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
နန်ဖာဒင်ကြိုးပြင်ကာကွယ်တောဧရိယာ အနီးအနားရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေ များအတွက် ရေဝေရေလဲဒေသအား ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့် ဆည်းရန်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန် ၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လျှပ်စစ်ကျွမ်းကျင်(၄) ရာထူး နေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန် ၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၇.၈၁၀၆)တန်၊ သစ်မာ (၃၇.၁၅၀၀)တန်၊ အခြား (၃၆.၅၁၆၀)တန်၊ စုစုပေါင်း (၁၄၁.၄၇၆၆)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကိုင်းတာကြီးကျေးရွာအနောက်ဘက်/ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၂၆/၃)၊ ကားလမ်းအနောက်ဘက် လှည်းလမ်းအတိုင်း (၃)ဖာလုံခန့်အကွာ/ မိုင်တိုင်အမှတ် (၁၂၇/၂)၊ ကားလမ်း အနောက်ဘက် လှည်းလမ်းအတိုင်း (၅)ဖာလုံခန့်အကွာ နေရာတို့မှ တရားမဝင် ကျွန်း ခွဲသား(၁၁၀၇)ချောင်း (၂၁.၁၁၃၄)တန်၊ လွှဝိုင်းနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၂-၂၀၂၃)ရက်နေ့မှ (၁၉-၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၄.၀၈၄၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages