၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ မိန်းမလှကျွန်းဘေးမဲ့တောဧရိယာများ၊ ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ ကျရောက်ကျက်စားလျှက်ရှိသည့် ရမ်ဆာရေဝပ် ဒေသဧရိယာများပါဝင်သော ငမန်းသောင်၊ ဂဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်းများတွင် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့ (Nature Conservation Society– Myanmar) အဖွဲ့နှင့် ပူးပေါင်း၍ ငှက်စာရင်းကောက်ယူလျှက်ရှိပါကြောင်း ဖော်ပြရင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day 2025) အား ဂုဏ်ပြုအပ်ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အရ (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်မှ ၁၂:၀၀ နာရီအချိန်ထိ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များအား " သစ်တော ဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေးခဲ့မှုများအား ထပ်ဆင့်ချပြ ရှင်းလင်းပွဲ" အား ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၅-၁-၂၀၂၅) ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးအပါအဝင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၂)ဦး၊ ပဲခူးခရိုင်အတွင်းရှိ သစ်လုပ်ငန်းရှင်များ(၂၀)ဦး၊ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။

တရားမဝင်သစ် ဖမ်းဆီးရမိမှု ဇယားများ ဖြည့်သွင်းသိမ်းဆည်း ဆောင်ရွက်မည့် "Software to Archive Seizure Data (S.A.S.D)" အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁) အား FD-KFS REDD+ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် (၁၁.၁.၂၀၂၅) ရက်‌နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ အွန်လိုင်းမှတဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်မှ ဦးစီးအရာရှိ (၂) ဦး၊ မြို့နယ်ဦးစီးဌာနမှူး (၁) ဦး၊ တောအုပ်ကြီး (၈) ဦး၊ တောအုပ် (၁) ဦး၊ တောခေါင်း (၄) ဦး၊ တောကြပ် (၃) ဦး၊ အငယ်တန်းစာရေး (၁) ‌ဦး၊ စုစုပေါင်း (၂၀ )ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

(၁၁-၁-၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တာချီလိတ်ခရိုင်မှ ဦးစီးအရာရှိပါ(၂)ဦး၊ တာချီလိတ်မြို့နယ်မှ ဦးစီးအရာရှိပါ (၅)ဦး၊ မိုင်းဖြတ်မြို့နယ်မှ မြို့နယ်ဦးစီးမှူးပါ(၃)ဦး၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ(၁၅)ဦး၊ စုစုပေါင်း(၂၅) ဦး တက်ရောက်ခဲ့ပြီး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း-၃က သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ရှင်းလင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

(၁၃-၁-၂၀၂၅) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်တာဝန်ခံများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းဦးက သစ်တောဦးစီးဌာနက ဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မိမိဝန်ထမ်းများ၊လုပ်ငန်းရှင်များ အားလုံး သိရှိနိုင်စေရန် ဤအစီအစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(၁၃-၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄) နေရာနှင့် စာရင်းကိုင် (၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူး (၁) နေရာတို့အတွက် ၂၈-၁-၂၀၂၅ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

Pages