သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး(၄၂) နေရာအတွက် ရေးဖြေ စာမေးပွဲ လတ်တလောကျင်းပနိုင်ခြင်းမရှိသေးကြောင်း ကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၄၂) နေရာအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)၊ နေပြည်တော်တွင် ၂၀-၆-၂၀၂၀ ရက်နေ့နှင့် ၂၁-၆-၂၀၂၀ ရက်နေ့တို့၌ ကျင်းပပြုလုပ်မည် ဖြစ် ကြောင်း ကြေညာခဲ့ပါသည်။
၂။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ကြေညာ ခဲ့သဖြင့် တောအုပ်ကြီးရာထူး(၄၂)နေရာအတွက် ရေးဖြေစာမေးပွဲကို မူလကြေညာထားသည့် နေ့ရက်များတွင် ကျင်းပနိုင်ခြင်းမရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ပြောင်းလဲ ကျင်းပသွားမည်ဖြစ်ပါကြောင်း နှင့် စာမေးပွဲဖြေဆိုရမည့်နေ့ရက်အား သစ်တောဦးစီးဌာန၏ Website www.forestdepartment.gov.mm နှင့်www.facebook.com/forestdepartment. gov.mm တို့တွင် ပြန်လည်ကြေညာပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ စုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇- ၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, June 15, 2020 - 18:00