သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၃) နေရာအတွက် လျှောက်လွှာများခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ပုံဆွဲ(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၃) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) သိပ္ပံ(သင်္ချာ)ဘွဲ့ (သို့မဟုတ်) သိပ္ပံ(ဘူမိဗေဒ) (သို့မဟုတ်) ဝိဇ္ဇာ(ပထဝီ)ဘွဲ့ ရရှိသူ ဖြစ်ရမည်၊
( ဂ) ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၃၀)နှစ် ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက်(၃၅)နှစ် ထက်မကြီးသူ ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။
(င) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက်မကြီးသူ ဖြစ်ရမည်၊
(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်၊
(ဆ) ပြစ်မှုပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက် ပေးအပ်သူ ဖြစ်ရမည်။
(ဇ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / forestadmdev @gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၂၄-၁-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူနှင့် ကွန်ပျူတာအခြေခံသင်တန်းအောင်လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ မူရင်းများတင်ပြရန်)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ်အား စစ်ဆေးခြင်း၊ ကွန်ပျူတာ အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေ စာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၂၇-၁-၂၀၂၄(စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာရမည့် အကြောင်းအရာများ၊ ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်၊ ကွန်ပျူတာအခြေခံကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တော ဦးစီးဌာန၏ Website- www.forestdepartment.gov.mmတွင် ကြေညာပေးသွားမည်ဖြစ် ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3N3ZQWT တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, January 19, 2024 - 18:15