တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၁၆-၁၁-၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန် တာချီလိတ်မြို့နယ်၊ နာအွန်ကျေးရွာခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရန်လင်းမောင်မောင်ဦးက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးဇင်မင်းခန့်မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်းဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာချီလိတ်မြို့နယ်ဦးစီးအရာရှိမှ ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲကို(၁၁:၀၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲတွင်ကျေးရွာသူ(၈၀)ဦး၊ ကျေးရွာသား (၇၁)ဦး၊ စုစုပေါင်း (၁၅၁) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။




