သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင်လစ်လပ်လျက်ရှိသောယာဉ်မောင်းစက်ပြင်(၅)(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၂)နေရာအတွက်လျှောက်လွှာများခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၂) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) အမျိုးသားဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
(ဂ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။
(ဃ) အခြေခံပညာအလယ်တန်းအောင်မြင်သူ (အောင်လက်မှတ်မူရင်း တင်ပြနိုင်သူ) ဖြစ်ရမည်၊
(င) ယာဉ်မောင်းလိုင်စင်ရှိသူ(တင်ပြနိုင်သူ)ဖြစ်ရမည်၊
(စ ) စက်ပြင်အတွေ့အကြုံရှိရမည်၊
(ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဇ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
(ဈ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / forestadmdev @gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၂၄-၁-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ
(စစ်ဆေးသည့်အခါ မူရင်းများ တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ် စစ်ဆေးခြင်း၊ မော်တော်ယဉ်ပြုပြင်/ မောင်းနှင်မှု စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၂၇-၁-၂၀၂၄(စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာရမည့် အကြောင်းအရာများ၊ ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်၊ မော်တော်ယဉ်ပြုပြင်/မောင်းနှင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန Website- www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3N3ZQWT တွင် download ရယူနိုင်ပါသည်။
သစ်တောဦးစီးဌာန

date: 
Friday, January 19, 2024 - 18:15