AFoCO RETC သင်တန်းကျောင်း၏ ၂၀၂၅ ခုနှစ်၊ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှ ဈေးကွက်ဝင်စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂။ ၂၀၂၅ ခုနှစ်၊ သင်တန်းအစီအစဉ်များအရ ဒေသခံ ပြည်သူများအတွက် စီစဉ်ဖွင့်လှစ်သည့် ‘ဈေးကွက်ဝင်စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း’ ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် ၀၉:၃၀ နာရီ၌ AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့၌ ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနမှ အရာ ထမ်းများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် သင်တန်းကျောင်း မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
၃။ သင်တန်းဖွင့်ပွဲအခမ်းအနား၌ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝေက ကြိုဆို နှုတ်ခွန်းဆက်စကား၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သင်တန်း အဖွင့်အမှာစကားများ ပြောကြား၍ သင်တန်းသားများအဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သင်တန်းသား/သူ(၂၀)ဦး၊ သင်တန်း ဆရာ များအဖြစ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် (၂)ဦးက စာတွေ့/လက်တွေ့ သင်ကြား ပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလ(၅)ရက်အတွင်း စားသုံးမှို စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မှို ဈေးကွက် ဆိုင်ရာများအကြောင်း၊ ကောက်ရိုးမှို စိုက်ပျိုးခြင်းတို့အား လက်တွေ့ပြုလုပ်ခြင်းနှင့် ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သည့် မှိုစိုက်ပျိုးရေးခြံများသို့ လေ့လာရေးခရီးစဉ်များထည့်သွင်း၍ သင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၅)ရက်တာ စီစဉ်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။




