သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၃) နေရာအတွက်လျှောက်လွှာများခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၃) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) အခြေခံပညာမူလတန်း အောင်မြင်ပြီးသူ (အောင်လက်မှတ်မူရင်း တင်ပြရပါမည်) ဖြစ်ရမည်၊
( ဂ) ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် အသက်(၄၀)နှစ်ထက်မကြီးသူဖြစ်ရမည်၊ နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(စ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြနိုင်သူ ဖြစ်ရမည်၊
( ဆ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ တစ်ဖက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / forestadmdev @gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၂၄-၁-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာမူလတန်းအောင်လက်မှတ်မိတ္တူ
(စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း တို့ဆောင်ရွက်မည်ဖြစ်ပြီးရေးဖြေစာမေးပွဲကိုအောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် အချိန်
၁ အထွေထွေဗဟုသုတ ၂၇-၁-၂၀၂၄ (စနေနေ့) ၀၉ : ၀၀ နာရီ မှ ၁၀ : ၀၀ နာရီထိ
၅။ ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာရမည့် အကြောင်းအရာများ၊ ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ် နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3N3ZQWT တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, January 19, 2024 - 18:15