သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၇-၁၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ/ လက်ထောက်ညွှန်ကြားရေးမှူး (၁၉) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာ သိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူခိုင်မှ ကမ္ဘောဒီးယားနိုင်ငံတွင် တက်ရောက်ခဲ့သည့် သစ်မဟုတ်သည့် သစ်တောထွက် ပစ္စည်းများအတွက် ရေရှည်တည်တံ့စေသည့် သယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ခြင်းအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။
