သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင် လေလံအမှတ်စဉ် (၁/၂၀၁၈-၂၀၁၉)

၁။        မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာန၊ မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ ကနီ နှင့် ဆားလင်းကြီးမြို့နယ် တို့ရှိ ပုံစံ(၈)ဝင် အင်/ အခြားသစ်/ ခွဲသားများ အား တိုင်းကျော် သယ်ယူခွင့် မပြုကြောင်း စည်းကမ်းသတ်မှတ်ချက်ဖြင့် လက်ရှိမျက်မြင်အခြေအနေအတိုင်း စျေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချမည်ဖြစ်ပါသဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင် လိုင်စင်ရရှိထားသည့် သစ်စက်ကြီး၊ စက်သေး၊ အချောထည်စက်/ လျှာထိုးစက် လုပ်ငန်း ရှင်များ၊ သစ်အရောင်းဆိုင်/ ပရိဘောဂ လုပ်ငန်းရှင်များ၊  သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များ (လိုင်စင်မိတ္တူပူးတွဲ) ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ နေအိမ် ဆောက်လုပ်ရန်၊ အစိုးရဌာန အဆောက်အဦးများ/ လမ်းတံတားများဆောက်လုပ်ရန်  သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွတ်ပါက စျေးပြိုင်လေလံဆွဲဝယ်ခွင့်ပြုမည်ဖြစ်ကြောင်းကြေငြာအပ် ပါသည်။

(က)   လေလံအစီအစဉ်       

            နေ့ရက် -           ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (   ၂၆  )ရက်

            အချိန်                -           နံနက်(   ၀၉ :  ၀၀ )နာရီ

            နေရာ                -           ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမ၊ မုံရွာမြို့

()     လေလံတင်ရောင်းချမည့် ပစ္စည်းများ

စဉ်

သင်းဝင်

အင်

အခြား

စုစုပေါင်း

(တန်)

လုံးတန်

ခွဲသားတန်

လုံးတန်

ခွဲသားတန်

လုံးတန်

ခွဲသားတန်

.၁၅၈

.၈၂၀၄

၇၆.၄၂၃၆

၂၀၃.၃၂၂၁

.၄၅၉၄

၄၂.၅၇၆၂

၃၂၉.၇၅၉၇

                                လုံးပတ် ၃ ပေအောက် အင်သစ်/ထောက်ကြံ့သစ်   (၂၈၈လုံး= ၂၂.၉၆၉၄) တန်

                        အင်ပကာ                                    (၉၈၃ချောင်း=၁၂.၁၀၈) တန်

                        အင်ပကာထင်း                           (၃၅၄၇ချောင်း=၅၀.၇၈၉၆)တန်၊ အင်ထင်း(၃၁.၉၅၂)တန်

အင်မျော                       (၂၁)လုံး

၂။         လေလံဆွဲဝယ်ယူခွင့်လျှောက်လွှာနှင့် လေလံစည်းကမ်းချက် တစ်စုံလျှင် ၁၀၀၀ဝိ/- (ကျပ် တစ်သောင်းတိတိ)နှုန်းဖြင့် ( ၁၉ - ၁၁ -၂၀၁၈)ရက်နေ့မှ ( ၂၀- ၁၁-၂၀၁၈)ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

၃။        စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက သစ်တောဦးစီးဌာနWebsite www.forestdepartment.gov.mm တွင် ဝင်ရောက်ကြည့်ရှု့၍ လည်းကောင်း၊  လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ခရိုင်သစ်တောဦးစီးဌာန၊ မုံရွာမြို့ (ဖုန်းအမှတ် 071-21530) တွင် လည်းကောင်း စုံစမ်းနိုင်ပါသည်။­

 

 

 

 

 

စျေးပြိုင်လေလံတင်ရောင်းချရေးကော်မတီ

မုံရွာ/ ယင်းမာပင်ခရိုင်

 

date: 
Tuesday, November 13, 2018 - 14:30