သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာစီစဉ်ရေးမှူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၅)နေရာ အတွက် လျှောက်လွှာများခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာစီစဉ်ရေးမှူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၅)နေရာ အတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) ကွန်ပျူတာဘွဲ့ရပြီးသူဖြစ်ရမည်၊ (ဌာနတွင်းဝန်ထမ်းဖြစ်ပါက ဘွဲ့တစ်ခုခုရရှိပြီး ကွန်ပျူတာနှင့်ပတ်သက်၍ ဒီပလိုမာအောင်လက်မှတ်ရရှိသူ ဖြစ်ရမည်)၊
(ဂ) ၁-၁-၂၀၂၄ ရက်နေ့တွင် အသက်(၃၅)နှစ်၊ မဟာဘွဲ့ရရှိပြီးသူများနှင့် နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက်(၃၇)နှစ်ထက်မကြီးသူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့် မရှိပါ၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်၊
(စ) ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
(ဆ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ တစ်ဖက်ဖော်ပြပါ အထောက်အထား များ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected]/ forest [email protected] သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၉-၂-၂၀2၄ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား ရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ/ ဒီပလိုမာအောင်လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)၊
( ခ ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊
( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
( င ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတ ဘာသာရပ်များစစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအတွက် ကြိုတင်လေ့လာ ရမည့် အကြောင်းအရာများ၊ ရေးဖြေစာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူ တစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်၊ ရေးဖြေစစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, January 5, 2024 - 13:15