Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၅-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်းအကွက်အမှတ်(၃၊ ၄)တို့အတွင်း၌ တရားမဝင်အင်/သစ်ယာသစ်(၁၈)လုံး (၇.၀၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၇၅.၈၀၁၂)တန်၊ သစ်မာ(၁၈၉.၅၁၆၆)တန်၊ အခြား (၁၉၇.၈၉၉၉)တန်၊ စုစုပေါင်း(၄၆၃.၂၁၇၇)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ နမ့်ပွန်ချောင်းအရှေ့ဘက်နေရာမှ တရားမဝင် ပိတောက် သစ်လုံး/ခွဲသား (၄၁၅)လုံး/ချောင်း (၁၀၆.၉၃၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၉-၁၂-၂၀၁၉)ရက်နေ့မှ (၁၅-၁၂-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၆၃.၇၄၇၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၀.၂၃၆၇)တန်၊ သစ်မာ(၁၈၃.၉၆၂၃)တန်၊ အခြား (၁၄၅.၁၄၂၉)တန်၊ စုစုပေါင်း(၄၆၁.၃၄၁၉)တန်၊ တရားခံ(၅၀)ဦး၊ ယာဉ်/ယန္တရား(၂၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၁၄၅၊ ၁၅၇၊ ၁၆၈)တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲခြမ်း (၁၂၀)လုံး/ခြမ်း (၇၁.၀၈၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားအား ၁၃-၁၂-၂၀၁၉ ရက်နေ့၊ (၁၄:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း(စီမံခန့်ခွဲရေး) တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့် ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဥယျာဉ်/ဘေးမဲ့တောများမှ သင်တန်းနည်းပြများနှင့် သင်တန်းသားများ၊ သင်တန်းနည်းပြများတက်ရောက်ကြပါသည်။

၁၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ခမရ(၄၂၉)၊ တပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းအောင်ဦးစီးသော တပ်မတော်တပ်ရင်းအဖွဲ့၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ နမ့်ပွန်ချောင်းအရှေ့ဘက်မှ တရားမဝင် ပိတောက်သစ်/ခွဲသား (၄၁၅) လုံး/ချောင်း (၁၀၆.၉၃၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေ မြို့နယ်၊ စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းဘေးမှ တရားမဝင် အင်/ထောက်ကြံ့/သစ်စေး/နဘဲ/တရော်/ဖန်ခါး မျော စုစုပေါင်း (၄၁၈၈)လုံးတို့နှင့်အတူ တရားခံ(၁၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ၊ မုန်းချောင်းဘေးမှ တရားမဝင် နဘဲ/ဒဟတ်/ဒီဒူး ခွဲသား (၅၁)ချောင်း (၅.၁၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages