Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၆-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာတွင်းလမ်းတွင် မော်တော်ယာဉ်အမှတ် YGN (2I-8237) HIACE (အဖြူရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁၀)လုံး (၁.၇၁၂၈)တန်နှင့် လေယာဉ်ကွင်းအနီးမှ တရားမဝင် ကျွန်း/ ဒီဒူ သစ်/ခွဲသား (၄၁)လုံး/ချောင်း (၆.၅၅၂၀)တန်၊ စုစုပေါင်း (၈.၂၆၄၈)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော အဖွဲ့သည် မင်းကင်းမြို့နယ်၊ ယားကျေးရွာ၏ အရှေ့မြောက်ဘက်(၁.၅)မိုင်ခန့်အကွာနှင့် ယားကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းနေရာတို့မှ တရားမဝင် အောက်ချင်းစာသစ်/ လုံးပတ်၃ပေအောက် အင်သစ် (၂၅)လုံး (၁၁.၁၂၀၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၈-၁၀-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တောင်သူလယ်သမားပါတီအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၁)နယ်မြေ၊ ရန်ကုန်-ပြည်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၈/၀)မှ (၆၈/၁)ကြား COVID-19 ကာကွယ်ထိန်းချုပ်စစ်ဆေးရေးအခြေပြု၊ သစ်နှင့်သစ်တောထွက်ပစ္စည်း စစ်ဆေးရေး (ယာယီ)စခန်းတွင် မော်တော်ယာဉ်အမှတ် (YGN-4F/3219) PROBOX အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ်(ဆိုဒ်စုံ)/ကျွန်းတံခါးအပိုင်းအစ(ဆိုဒ်စုံ) (၅၆)ချပ်/ချောင်း (၀.၇၂၇၂) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၁၀-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူ ဦးဆောင်သော ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ ဂုတ်ကြီး ကျေးရွာ ဦးရန်နောင်ထွန်း(ခ) ဦးရန်နိုင်၏ ခြံဝန်းအတွင်းမှ တရားမဝင် ပျဉ်းကတိုး/ စကားဝါ သစ်/ခွဲသား (၂၈၁)လုံး/ချောင်း (၁၀.၀၄၂၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ဝင်မနားတောင်ပြင်ငယ်ရွာသွား ကားလမ်းဘေး မော်တော် ယာဉ်အမှတ် MDY (7L/5307) FUSO(၆)ဘီး ပြာအစိမ်းကြားယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၆၆)ချောင်း (၅.၈၁၀၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၉-၁၀-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ရပ်ကွက်(၆)ရှိ၊ ဦးဖိုးပြုံ(ခ)နေကျော်ခဲ ၏နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်းစကွဲယား (၂၂)တုံး (၀.၉၃၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၀-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရပ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ တပ်ကြီးကျေးရွာအတွင်း မော်တော်ယာဉ် အမှတ် (SHN-2C/6764) UD ၁၀ ဘီး ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၈၅)ချောင်း (၈.၇၆၇၀)တန်၊ မော်တော်ယာဉ်အမှတ် (၉ဌ/၈၄၈၄) FAW အပြာ ယာဉ်ပေါ်မှ လုံးပတ် (၃) ပေအောက်အင်သစ် (၆၉)လုံး (၂.၂၃၈၀)တန်၊ မော်တော်ယာဉ်အမှတ် (မပါ) တူးကရောင်း ထော်လာဂျီပေါ်မှ ပေါင်(၃၀)ဝင်မီးသွေး (၆၆)အိတ် (၇.၀၄၀၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၇.၀၅၆၇)တန်၊ သစ်မာ (၂၉.၄၀၇၈)တန်၊ အခြား (၁၄၇.၈၈၀၇)တန်၊ စုစုပေါင်း(၂၃၄.၃၄၅၂)တန်၊ တရားခံ(၅၂)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယင်းယိမ်ရွာနှင့် သစ်ခက်ရွာကြားချင်းတွင်းမြစ် အတွင်း၊ ဖိုးစုရကျွန်းအမှီးနေရာမှ တရားမဝင် အင်ခွဲသား (၇၆၅)ချောင်း (၃၃.၀၁၁၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

Pages