Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ ကရင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၅)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကယားပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၉)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကချင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၂)နေရာသို့ ခန့်ထားခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁၄၈)နေရာသို့ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဌာနတွင်းမှ နေ့စား/ပုတ်ပြတ်များနှင့် ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်း အောင်မြင်သူများအား သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အောက် ဖော်ပြပါအရေအတွက်အတိုင်း ခန့်အပ်လိုက်သည်-
(က) ကချင်ပြည်နယ် (၂)ဦး
(ခ) ကယားပြည်နယ် (၉)ဦး
(ဂ) ကရင်ပြည်နယ် (၅)ဦး
(ဃ) ချင်းပြည်နယ် (၇)ဦး
(င) စစ်ကိုင်းတိုင်းဒေသကြီး (၃၀)ဦး
(စ) ပဲခူးတိုင်းဒေသကြီး (၁၇)ဦး
(ဆ) မကွေးတိုင်းဒေသကြီး (၂၁)ဦး
(ဇ) မန္တလေးတိုင်းဒေသကြီး (၂၀)ဦး
(ဈ) မွန်ပြည်နယ် (၇)ဦး
(ည) ရန်ကုန်တိုင်းဒေသကြီး (၅)ဦး
(ဋ) ဧရာဝတီတိုင်းဒေသကြီး (၂၅)ဦး
စုစုပေါင်း (၁၄၈) ဦး

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အတွင်း၊ မုံရွာ- ယာကြီး- ကလေးဝကားလမ်းမိုင်တိုင်အမှတ်(၄၉/၂)အနီးမှ တရားမဝင် ပိတောက် ခွဲသား (၂၄)ချောင်း (၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

APFnet စီမံကိန်းတွင် အမျိုးသား အမျိုးသားအကြံပေး(National Consultant)တစ်ဦးခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ရှိ တိရစ္ဆာန်များအစာအတွက် လှူဒါန်းငွေပေးအပ်ပွဲအား (၃၀-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း တိရစ္ဆာန် ဥယျာဉ်များအား အများပြည်သူ ဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ်(၇၂၀၀၀၀) အား သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တာဝန်ခံ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့ တွင်လည်း ဆက်လက်လှူဒါန်းသွားမည်ကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် တိရစ္ဆာန်အမျိုး ပေါင်း(၁၀၀)မျိုးရှိ၍ နို့တိုက်သတ္တဝါ (၅၃၆)၊ တွားသွားသတ္တဝါ(၆၄)နှင့် ကျေးငှက်မျိုးစုံ (၃၅၅)၊ စုစုပေါင်း(၉၅၅)ကောင် မွေးမြူထားရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၅၁.၅၃၀၂)တန်၊ သစ်မာ (၅၉.၄၆၁၆)တန်၊ အခြား (၁၅၆.၄၆၂၁)တန်၊ စုစုပေါင်း(၃၆၇.၄၅၃၉)တန်၊ တရားခံ(၃၆)ဦး၊ယာဉ်/ယန္တရား(၄၂)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၇-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောအကွက် (၃၅၈)၊ မယ်ဆည်နန်ကျေးရွာမြောက်ဘက်နေရာမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၂၀၅၄၇)ချောင်း (၆၆.၄၉၆၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages