Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ(SDC)၊ ဥရောပသမဂ္ဂ(EU)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှု မှတ်တမ်း (RoD)၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို (၂၈-၇-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှုတို့ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (SDC)၊ ဥရောပသမဂ္ဂ (EU)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှု မှတ်တမ်း (RoD)၏ နောက်ဆက်တွဲပါ အဓိကဦးစားပေးလုပ်ငန်းများ ပြန်လည်သုံးသပ်နိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းပြီး မြေအသုံးချမှုများ စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါကြောင်း၊
အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ ကောင်စီ ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့ အထိ MICC-2 နေပြည်တော်မှာ ကျင်းပခဲ့ပြီး အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ဖိုရမ်၏ ရလဒ်များနှင့်အညီ ကောင်စီ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊
ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် EU ၊ SDC တို့အကြား သဘောတူညီမှု မှတ်တမ်း(RoD) ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေတွင် လက်မှတ်ရေးထိုးခဲ့ပြီး RoD ပါ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း နယ်ပယ် (၇) ခု ရှိပါကြောင်း၊
အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အဖွဲ့များအနေ ဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် သဘောတူညီမှုမှတ်တမ်း(RoD)ပါ လုပ်ငန်းများကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ/ အဖွဲ့များအနေနှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီ၏အထောက်အကူပြုလုပ်ငန်းကော်မတီ/ အဖွဲ့အတွင်းရေးမှူးများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ဥရောပသမဂ္ဂ (EU) မှ Head of Cooperation Dr.Johann Hesse ၊ ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(SDC) မှ Deputy Head of Mission Mr.Giacomo Solari ၊ FAO နှင့် မိတ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)မှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။

၂၅-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၃/၅)၊ မော်တော် ယာဉ်အမှတ်(5P/1681) Nissan Wingroad ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်အပိုင်းအစ/ပျဉ်းကတိုးခွဲသား (၉၀)ချောင်း(၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်း ကျေးရွာအနီး၊ ကျောက်တွင်းကွင်းတောလမ်း၊ မော်တော်ယာဉ် အမှတ် (MDY-6M/2252) (LIFAN A6 DUMP TRUCK၊ ၆ဘီး၊ အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၂)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၅-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် စလင်းမြို့နယ်၊ မြောက်ဒီးဒုတ်ပင်ကျေးရွာ၏ မြောက်ဘက်သုဿန်အနီးနေရာမှ တရားမဝင် ဒဟတ်/ ထနောင်း/ နဘဲ/ သန်း ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၉၈)လုံး/ချောင်း (၉)တန်အား ဖမ်းဆီးရေး အဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၄-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ တောင်ယာတောရွာ ဆိပ်ကမ်း၊ တောင်ယာတောရွာနှင့် ယုံသာရွာ၏မြောက်ဘက် (၃)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်း ဘေးနေရာများမှ တရားမဝင် အင်/ကညင် သစ်/ခွဲသား (၁၇၉)လုံး/ချောင်း (၉)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့ ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်းကားလမ်း မိုင်တိုင်အမှတ်(၄)မိုင် (၅)ဖာလုံအနီးနေရာနှင့် ပလ္လင်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကညင်သစ် (၁၆)လုံး (၁၉)တန်၊ ထွန်စက် (၃)စီး၊ လက်ကိုင်စက်လွှ(၁)လက်နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ အားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကြိုးဝိုင်း(၃၄) အတွင်းနှင့် ဘုံချောင်းရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ၊ နင်ချောင်းအရှေ့ဘက်ကမ်းပါးအနီးနေရာများမှ တရားမဝင် ကျွန်း သစ်/ခွဲသား (၉၂)လုံး/ချောင်း (၁၁)တန်၊ လှေ (၁)စီး၊ လွှဝိုင်း(၁)ဝိုင်းနှင့်ဆက်စပ်ပစ္စည်း များအား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၄-၇-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘောလခဲစစ်ဗျူဟာအမှတ်(၄၂၈)တပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း(၂)ကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၃၅၈)၊ မယ်ဆည်နန်ကျေးရွာမြောက်ဘက်မှ တရားမဝင် ကျွန်း/ ပိတောက် ခွဲသား (၄၅)တန်ခန့်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages