Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၆.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစတောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကားလမ်း (၁၁၄/၄)မိုင်အနီး ယာဉ်(MDY/9B-6589)ပေါ်မှ တရားမဝင်သစ် ပိတောက်ခွဲသား (၅၈) ချောင်း (၉.၂၃၃၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်/

သစ်တောဦးစီးဌာနမှ သစ်တောနည်းဥပဒေ ပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ နှင့် ဆွေးနွေးအကြံပြုချက်ရယူခြင်းများကို အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အကျိုးသက်ဆိုင်သူများဖြစ်ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ ဆက်စပ်ဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် ဌာနေ တိုင်းရင်းသားများနှင့် သက်ဆိုင်ရာဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များအား တက်ရောက်ဆွေးနွေး အကြံပြု ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ (ကျင်းပမည့်အချိန် ၀၈း၃၀ နာရီ မှ ၁၈း၀၀ နာရီအထိ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၉-၄-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား PEFC International မှ Mr. Ben Gunneberg (CEO and Secretary General) နှင့်ကိုယ်စားလှယ်အဖွဲ့များမှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် PEFC အဖွဲ့ဝင်ဖြစ်ရေး၊ PEFC နှင့် MFCC တို့ပူးပါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၏ လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၄-၄-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်၊ ဖိုးခေါင်ကွင်းကျေးရွာအနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ အင်တိုင်းကုန်းနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၃၆)ချောင်း (၃.၇၇၉၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ် တရားခံအားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ တရားမဝင်ကျွန်း/ ပျဉ်းကတိုးသစ်/ ခွဲသား(၁၀၉)လုံး/ချောင်း(၁၁.၇၆၆၆)တန်နှင့် မော်တော်ယာဉ်အမှတ်(1Q/2098) FORLAND ယာဉ်(၁)စီး၊ တရားခံ(၃)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (ကပစ-၁၉)မှ ဗိုလ်ကြီးတင်ဇော်လတ်ပါတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၂) အတွင်းမှ တရားမဝင်သစ် ကျွန်း /ဖရုံစိပ် (၁၅၃) လုံး/ခြမ်း/စိပ် (၂၆.၃၀၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်ပြင်မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းဘေး၊ ဖောင်းပြင်-ပင်လည်ဘူးနယ်စပ်နေရာမှ တရားမဝင်သစ် တမလန်းဓါးရွေ (၃၆)ချောင်း (၇.၄၄၃၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့် ရေယာဉ်(၄၀၄) မှ ဗိုလ်ကြီးကိုကိုအောင် ဦးဆောင်သောအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ် အတွင်း စက်လှေ (၂)စီးပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၁၄)တန်ခန့်နှင့်အတူ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages