Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၃.၄.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့် ရေယာဉ်(၄၀၄) မှ ဗိုလ်ကြီးကိုကိုအောင် ဦးဆောင်သောအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ် အတွင်း စက်လှေ (၂)စီးပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၁၄)တန်ခန့်နှင့်အတူ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ်(၁၃၂)နှင့်(၁၃၀)အတွင်း တရားမဝင်သစ် ကျွန်း /ပျဉ်းကတိုး၊ (၁၁၀)လုံး/ခွဲ (၁၅.၉၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီး-ဇောင်းတူကားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၃)ဘယ်ဘက်(၁)မိုင်ခန့်အကွာ တောစပ်အတွင်း တရားမဝင်ပျဉ်းကတိုး/တောင်သရက်/တောင်ပိန်းခွဲသား(၅၅)ချောင်း (၈.၅၉၇၄)တန်နှင့် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၅၄.၄၀၁၄)တန်၊ သစ်မာ(၈၀.၂၄၈၆)တန်၊ အခြား (၃၂၉.၂၃၆၉)တန်၊ စုစုပေါင်း(၆၆၃.၈၈၆၉) တန်၊ တရားခံ(၁၉)ဦး၊ ယာဉ်/ယန္တရား(၁၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၄-၄-၂၀၁၉ ရက်နေ့ နံနက်(၈:၄၅)တွင် ဥယျာဉ်/ဘေးမဲ့တော(၄)ခု၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်(နောက်ဆုံးမူကြမ်း)များအပေါ် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနောက်ဘက်(၂)မိုင်ခန့်အကွာတောစပ်အတွင်း တရားမဝင် ပိတောက်/ယင်းတိုက်သစ်/ဓါးရွေ(၁၂၀)လုံး/ချောင်း (၈.၂၂၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃.၄.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ တမံ(၁)လမ်းနှင့် ခရိုင်ချင်းဆက်လမ်းကြား၊ ရေအိုးစင်အနောက်ကုန်း၊ ကြံခင်းစပ်လျှိုအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြားသစ်လုံး/ခွဲသား(၂၄)လုံး/ချောင်း (၇.၈၇၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၂.၄.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ရေမျက်နီပုလဲလမ်း၊ မိုင်တိုင်အမှတ်-၈၉/၂မိုင်နှင့်၈၉/၃မိုင်ကြား၊ ဖန်ခါးတံတားအနီးတို့မှ မော်တော်ယာဉ် (၂)စီး ပေါ်မှ တရားမဝင် ပိတောက်/အင်ကြင်ခွဲသား (၂၀၇)ချောင်း (၁၁.၃၈၀၂)တန်အား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages