Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၃-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် သစ်တောဉီးစီးဌာနမှ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းရာထူးတိုးမြှင့်ရရှိပြီး ဌာနတွင်းပြောင်းရွေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ သစ်တောဉီးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများနှင့် သစ်တောဉီးစီးဌာနတွင်း လက်ရှိ ရာထူးဖြင့် နေရာပြောင်းရွေ့တာဝန်ထမ်းဆောင်သည့် အရာထမ်းများအား ပြည်ထောင်စု ဝန်ကြီးမှ တွေ့ဆုံသည့် အခမ်းအနား ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း တက်ရောက် သြဝါဒစကားပြောကြားပါသည်။အခမ်းအနားသို့သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

သစ်တောဦးစီးဌာန“တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို ၃၁.၃.၂၀၁၉ ရက်နေ့တွင်၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။အမှာစကားပြောကြားရာတွင်-
သစ်တောဦးစီးဌာနသည် သစ်တောများ ရေရှည်တည်တံ့ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေး ကိုဦးတည်ပြီး နိုင်ငံတော်ရဲ့စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန် ချက်ညီ ဆောင်ရွက် နေသည့့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းသည် အရေးပါသည့် စီမံကိန်း တစ်ရပ်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အရေးပါတဲ့ ဦးစီးပဲ့ကိုင်များ ဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်းရဲ့ အရေးကြီးသည့် လုပ်ငန်းများဖြစ်သည့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ခင်းများတည် ထောင်ခြင်း၊ ဒေသခံပြည် သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင် ခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းအစရှိ သည့် ကနဦးလုပ်ငန်းများကို ဆောင်ရွက် နေချိန်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် စီမံကိန်းကာလ ၂နှစ် အတွင်း တွေ့ကြုံခဲ့ရသည်များကို ပြန်လည် သုံးသပ်ပြီး လာမည့် မိုးရာသီတွင် ရာနှုန်းပြည့်ရှင်သန် အောင်မြင်သည့် သစ်ပင်တွေ စိုက်ပျိုးနိုင်ရေးအတွက် ညွှန်ကြား ရေးမှူးများအနေနှင့် မြေပြင်အထိကွင်းဆင်းကြီးကြပ်ကြဖို့ မှာကြားပါသည်။

၂၅-၃-၂၀၁၉ ရက်နေ့မှ ၃၁-၃-၂၀၁၉ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၂၁.၆၈၆၄)တန်၊ သစ်မာ(၇၉.၅၅၃၃)တန်၊ အခြား (၃၉၁.၆၉၇၆)တန်၊ စုစုပေါင်း(၅၉၂.၉၃၇၃)တန်၊ တရားခံ(၄၉)ဦး၊ ယာဉ်/ယန္တရား(၃၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ မြို့မဘိနယ်၊ ရေတံခွန်တောင် တောလမ်းဖောက်လုပ်ထားသည့်နေရာမှ တရားမဝင် အခြားသစ် (၆၂) လုံး (၁၅.၅၄၇၂)တန်၊ အခြားခွဲသား(၂၄၁)ချောင်း (၁၃.၆၂၈၂)တန်၊ လုံးပတ် ၃ ပေအောက် အခြားသစ်(၉၁)လုံး (၁၀.၃၂၈၈)တန်၊ မြေကော်စက်(HYUNDAI)(၁)စီး၊ စက်ချို့ယွင်းနေသည့် EH-700 တပ်ဆင်ထားသော (၆)လုံးထိုး နံပါတ်မပါ (၆)ဘီးမော်တော်ယာဉ် (၁)စီး၊ လက်ကိုင် စက်လွှ(၁) လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၃၁.၃.၂၀၁၉ ရက်နေ့တွင် သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောဝန်ထမ်းများ၊ ခလရ(၁၄၇)မှ တပ်မတော်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်အတွင်း တရားမဝင်ထောက်ကြံ့သစ်လုံး (၆၀)လုံး (၂၀.၇၇၈၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃၀.၃.၂၀၁၉ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၀/၅)နှင့် (၀/၆)ကြားနေရာမှ ယာဉ်အမှတ် 7I/5262 (Alphard ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၃)ချောင်း (၁.၄၄၈၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ရွှေဂူဘုရားလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင် ဟီးနိုးယာဉ်(၁)စီး နှင့် ကန့်လန့်ဂျီ(၆)ဘီးယာဉ် (၁)စီးတို့ပေါ်မှ တရားမဝင်အင်ခွဲသား/လုံးပတ်၃ပေအောက်အင်သစ်လုံး စုစုပေါင်း (၁၀၉)ချောင်း/လုံး (၆.၇၆၉၂)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-၃-၂၀၁၉)ရက်နေ့မှ (၃၁-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၂၀.၂၀၁၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ရေတံခွန်တောင်တောလမ်း ဖောက်လုပ်ထား သည့်နေရာမှ တရားမဝင် ကောင်းမှုသစ်လုံး/ခွဲသား စုစုပေါင်း(၃၉၄)လုံး/ချောင်း (၃၉.၅၁၄၂)တန်၊ မြေကော်စက်(၁)စီး၊ မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်စက်လွှ(၁)လက် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

Pages