Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၆-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်ဘေး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း(၂၁)မိုင်ပေါက် ရေဆိပ်အနီးနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၆၄)ချောင်း (၅.၂၈၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၅-၃-၂၀၁၉ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာနေ ဦးလှစိုး၏ သစ်စက်ဝန်းအတွင်းနှင့် နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် အခြားသစ်/ခွဲသားစုစုပေါင်း ( ၃၇.၉၂၅၉ )တန်၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်ဦးလှစိုးနှင့်အတူဖမ်းဆီးရမိပြီး၊ တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဆွာတံတားအနီးနေရာမှ ယာဉ်အမှတ်(9H-3441) NISSAN ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား(၇၆၁)ချောင်း (၁၁.၀၂၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၃.၂၀၁၉ ရက်နေ့ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ဝန်းကျင်နှင့် ညောင်ခြေထောက်အဆိုပြုကာကွယ်တော၊ တုံးလှော်ရွာအနီးတို့မှ တရားမဝင် ကျွန်း/အင် သစ်လုံး/ခွဲသား စုစုပေါင်း (၂၃၄)လုံး/ချောင်း (၂၃.၇၇၆၈)တန်၊ လီဖန်း(၆)ဘီးယာဉ်(၁)စီး၊ 125ဆိုင်ကယ်(၂)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ၁၈-၃-၂၀၁၉ ရက်နေ့မှ ၂၄-၃-၂၀၁၉ ရက်နေ့အထိ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၁၂.၃၅၀၄)တန်၊ သစ်မာ(၁၃၉.၁၃၇၃)တန်၊ အခြား (၁၈၆.၉၀၃၆)တန်၊ စုစုပေါင်း(၅၃၈.၃၉၁၃)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၂၄)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာ မြို့နယ်၊ အင်းကြီး/လှေဘိုဘိနယ်၊ မယ်ငိုရွာ အနောက်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်(၁၉)လုံး (၂.၄၉၆၀)တန်၊ အခြားသစ်(၃၈၁)လုံး (၂၅.၁၉၀၈)တန်၊ အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၂၅.၃.၂၀၁၉ ရက်နေ့ (၁၃:၃ဝ)အချိန် တွင်ထားဝယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းအရ ရေဖြူမြို့နယ်၊ ကလုံးထာရွာ၏တောင်ဘက် တောတွင်း၌စုပုံထားသော တရားမဝင် သစ်မာ/အခြားသစ် စုစုပေါင်း (၂၆)လုံး (၁၄.၈၄၉၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၃.၂၀၁၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့ နယ်၊ ကုန်းလယ်ရိုးကျေးရွာအုပ်စု၊ သပြေခင်တဲတိုက်အနီးနှင့် ဖဒို-မြို့ချောင်းသွားလမ်း၊ မိုင်တိုင် အမှတ်(၇၇)အနီး နေရာတို့မှ တရားမဝင်ကျွန်း/အခြားခွဲသား စုစုပေါင်း (၁၄၅)ချောင်း (၃.၉၈၂၆)တန်၊ Super Custom ကား(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းအရ ၂၃.၃.၂၀၁၉ ရက်နေ့တွင် ရေပေါင်းဆုံကျေးရွာနှင့် ယင်းမာပင်ကျေးရွာ၊ ပေသုံးဆယ်ရပ်ကွက်၊ ဦးစိန်ထွန်း၏နေအိမ်ဝိုင်းအတွင်း တို့မှ တရားမဝင် အခြားသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ်/ကျွန်းတံခါးရွက် စုစုပေါင်း (၁၁၆)လုံး/ခွဲသား/ချပ် (၇.၉၂၁၈)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

Pages