Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၅-၃-၂၀၁၉ ရက်နေ့ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား Mrs. Karin Eberhardt ၊ Development Advison Swiss Agency for Development and Cooperation မှ လာရောက်တွေ့ဆုံ၍ နောင်လာမည့် (၇)နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ (EU)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်မည့် ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာ၀သယံဇာတအရင်းအမြစ် များအား စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့ အစီအစဉ်များအတွက် ဉီးစားပေးလုပ်ငန်းများ၊ အခွင့်အလမ်းများနှင့် လက်ရှိဆောင်ရွက်နေမှုများမှ လိုအပ်ချက် များနှင့် ပတ်သက်၍ ပဏာမဆွေးနွေးမှု(Scoping Study) ပြုလုပ်ရန်ကိစ္စများအား လာရောက် ဆွေးနွေးခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ်၊ (၃၅/၀)မှ (၃၅/၁)ကြားမှ တရားမဝင်သစ် ရှာဖွေဖမ်းဆီးရာ ယာဉ်အမှတ်၊ MDY-2B/6256(Nissan Condor CM 88KE၊ မိုးပြာရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၃၅)တုံး (၆.၄၀၆၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ရေနံ့သာရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(ခ)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို၂၁-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ သစ်တောသုတေသနဌာန၊ ရေဆင်း၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် ၍ အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေဆင်းနယ်မြေ တက္ကသိုလ်အသီးသီးနှင့် အထက်တန်းကျောင်း၊ မူလတန်းကျောင်းအသီးသီးတို့မှ ဆရာဆရာမများ နှင့် ကျောင်းသူ/ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။

၂၁-၃-၂၀၁၉ ရက်နေ့၊ သစ်တောဦးစီးဌာန၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ကွန်းချောင်းဆည် ရေဝပ်ဧရိယာ၊ ဒေသအခေါ် ချောက်မြောင်နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၁၀၈)ချောင်း (၈.၉၀၆၂)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၀.၃.၂၀၁၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်အား တရားမဝင်သစ် ရှာဖွေဖမ်းဆီးရာ တရားမဝင်ကျွန်းခွဲသား (၂၂၅)ချောင်း (၉.၈၃၆၈)တန်၊ ပျဉ်းကတိုး ခွဲသား (၅)ချောင်း (ဝ.၂၀၈၄)တန်နှင့် အခြားခွဲသား (၆၆)ချောင်း (၄.၀၆၉၂) တန်၊ စုစုပေါင်း (၂၉၆)ချောင်း (၁၄.၁၁၄၄)တန်၊ တရားခံ(၄)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၃-၂၀၁၉ ရက်နေ့တွင် တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်း အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်(၈/၁)အနီး (၈)မိုင်ရွာတောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်ရာ တရားမဝင် ကျွန်းခွဲသား (၅၀)ချောင်း (၇.၀၅၃၄) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာ ခဲ့သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “သစ်တောများနှင့် ပညာရေး” (Forests and Education)ဖြစ်သည်။မကြာသေးမီကာလကစတင်ပြီး သစ်တောများနှင့် ဆက်နွယ်နေသော ဘာသာရပ်များ၊ ပညာရေးနယ်ပယ်များ အထူးအလေးထားလာကြသည်။ အဓိကအကြောင်းအရင်းတစ်ခုမှာ သစ်တောများနှင့် ဆက်နွယ်သော ပညာရပ်များ၊ သစ်တောများမှ ပံ့ပိုးပေးသော အကျိုးကျေးဇူး များကို သိရှိလာသည့် အားလျော်စွာ အကျိုးကျေးဇူးများအား စဉ်ဆက်မပြတ် ရနိုင်ရေးအတွက် သစ်တောများကို မည်ကဲ့သို့ စီမံအုပ်ချုပ်လုပ်ကိုင်ရမည်၊ ထိန်းသိမ်းကာကွယ်ကြရမည်ကို ပိုမို နားလည်သဘောပေါက်ရန် လိုအပ်သောကြောင့်လည်း ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၁-၃-၂၀၁၉ ရက်နေ့ နံနက်(၁၁:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် JICA တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FDSNR Project အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ အရာရှိကြီးများ၊ JICA မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

Pages