Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၃၀၂၉)လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တောင်ငူမြို့မှ ဗိုလ်ကြီးဇေယျာလင်းပါ(၆)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်(၃၂)လုံး (၈.၉၃၆) တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ တောင်ငူခရိုင် တရားမဝင်သစ်ဖမ်းဆီးရေးစစ်ကြောင်းတာဝန်ကျ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈-၃-၂၀၁၉) ရက်နေ့ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၀/၃)မိုင်အနီးနေရာ၌ ယာဉ်အမှတ်(2M/2004) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၄၉)ချောင်း (၃.၆၁၉)တန် အားဖမ်းဆီးရမိခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊

သစ်ပင်သစ်တောများသည် ပတ်ဝန်းကျင်ကို စိမ်းစိုစေပြီး ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ ပန်းတို့ဖြင့် မျက်စိပသာဒလှပ သာယာစေသည်။ ရာသီဥတုမျှတစေသည်။ စိုက်ပျိုးရေး သီးနှံထွက်နှုန်း ကောင်းမွန်စေသည်။ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေသည်။ ရေကောင်းရေသန့်၊ လေ ကောင်းလေသန့် ရရှိစေသည်။ မြေဆီလွှာထိန်းသိမ်း ကာကွယ်ပေး သည်။ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများကို သစ်ပင်များ၊ သစ်တောများ မှ ပံ့ပိုးပေးသည်။ သစ်ပင်စိုက် ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ နည်းပညာအရ ရိုးရှင်းသည်။ လူတိုင်း အလွယ်တကူ စိုက်ပျိုးနိုင်သည်။ ထိန်းသိမ်းနိုင်သည်။ ထို့ကြောင့်လည်း သစ်ပင် သစ်တော များကို ကမ္ဘာနှင့် အဝှမ်းအလေးထား စိုက်ပျိုးထိန်းသိမ်းလာကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များသတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ (၁၁-၃-၂၀၁၉)ရက်နေ့မှ (၁၇-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၂၂.၇၁၄၈)တန် ဖမ်းဆီးရမိခဲ့ပါသည်။

၁၄-၃-၂၀၁၉ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ်တာမြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ်၊ ပြာမလော့မြစ်အတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၄၅)ချောင်း (၁၂.၁၉၁၄)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၈-၃-၂၀၁၉ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပြည်သူ့စစ်အဖွဲ့တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနောက်တောင်ဘက်တောစပ်နေရာ၌ တရားမဝင်သစ်မာသစ်လုံးမျိုးစုံ(၁၆၅)လုံးနှင့် ကန့်ကော်-ဥယျာဉ်ရွာသွားလမ်းအနီးလျှိုအတွင်း၌ တရားမဝင်ပိတောက်ဓါးရွေခန့်မှန်း (၁၂၀)တုံးခန့်တို့အား (ပိုင်ရှင်မဲ့)ဖမ်းဆီးရမိခဲ့၍ တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်လျှက်ရှိပြီး ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၈-၃-၂၀၁၉ ရက်နေ့ နေလည်(၁:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ် လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ထူးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးတက်ရောက်သူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။

Pages