Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၁-၃-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်း၊ မိုင်တိုင်အမှတ်(၁/၄)၊ စက်ယန္တရားများထားရှိသည့် ဝင်းအတွင်းနေရာ၌ ယာဉ်အမှတ် (8I/9279) SUPER CUSTOM (ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၉)ချောင်း (၁.၆၄၇၈)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၃-၂၀၁၉ ရက်နေ့(၁၃:၄၀) နာရီ အချိန်တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်းရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ချပြသတင်းအရ ကွင်းဆင်းစစ်ဆေးရာ ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်း မိုင်တိုင်အမှတ် ၆၁/၇ နှင့် ၆၂/ဝကြား နေရာ၌ ရပ်တန့်ထား သော NISSAN DIESEL အပြာရောင် (၁၂)ဘီးယာဉ်အားစစ်ဆေးရာ ယာဉ် ပေါ်တွင် တရားမဝင် ပိတောက်ခွဲသားများ ခန့်မှန်း (၁၀)တန်ခန့်တင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

၁၁.၃.၂၀၁၉ ရက်နေ့ (၀၄:ဝ၀) အချိန်တွင်တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချူပ် တပ်စု (၂)မှ တပ်စုမှူး ဗိုလ်ကြီး တင်ထွန်းအောင် နှင့် တပ်မတော်တပ်ဖွဲ့ဝင်များ ပါ ပူးပေါင်း အဖွဲ့သည် သတင်း အရ တောင်ငူမြို့နယ်၊ လိပ်သိုလမ်းခွဲ၊ မိုင်တိုင်အမှတ်(၁၅/၁) အ နီး နှင့် ပိန္နဲပင်ကျေးရွာ အနီး တို့တွင် ယာဉ်အမှတ်မပါNissan Diesel (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား စုစုပေါင်း (၈.၈၂၃၀) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ ခဲ့ပါပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်

သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက် (၃) ရာထူးနေရာ လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲဖြေဆိုရန် ခုံအမှတ်များစာရင်း

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကပစ(၁၉)မှ ဗိုလ်ကြီးတင်ဇော်လတ်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ (၁၀-၃-၂၀၁၉)ရက်နေ့တွင် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးလုံး/ခြမ်း/ချောင်း (၇၀၆)လုံး/ခြမ်း/ချောင်း (၉၆.၅၅၁၆)တန်အားဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပြီး နယ်မြေရှင်းလင်းဖမ်းဆီးခြင်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊

သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော တောအုပ်ကြီးရာထူးနေရာ လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲ ဖြေဆိုရန် ခုံအမှတ်များစာရင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ(၉-၃-၂၀၁၉) ရက်နေ့မှ (၁၀-၃-၂၀၁၉)ရက်နေ့ထိ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးချောင်းတစ်လျှောက်ကွင်း နင်းရှာဖွေရာ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ(၅၆)ချောင်း (၇.၅၄၃၂)တန်အား(ပိုင်ရှင်မဲ့) ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages