Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှုဖြင့် ၉-၃-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ နောင်းကွမ်းကျေးရွာအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၅)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်သစ်မျိုးစုံ(၁၉၇)လုံး/ခြမ်း (၆၈.၄၃၂) တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များသတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ (၄-၃-၂၀၁၉)ရက်နေ့မှ (၁၀-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြားစုစုပေါင်း (၂၂၆.၀၉၁၈)တန် ဖမ်းဆီးရမိခဲ့ပါသည်။

(၆-၃-၂၀၁၉)ရက်နေ့ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာကမ်းစပ်နေရာ၌ တရားမဝင်သစ်ပုတ်ခွဲသား (၄၈၂)ချောင်း (၅.၃၅၂၈)တန်တင်ဆောင်ထားသော စက်လှေ တစ်စီး တရားခံ ၁ ဦးနှင့်အတူ ဖမ်းဆီးရမိသဖြင့် တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၁-၃-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Worldview International Foundation (WIF)မှ ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံ၍ A/R CDM Project အကောင် အထည်ဖော်နိုင်ရေး ကိစ္စများအားလာရောက် ဆွေးနွေးခဲ့ပါသည်။

၇-၃-၂၀၁၉ရက်နေ့တွင် CMRSစနစ်ဖြင့်သတင်းပေးပို့ချက်အရ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ တောင်ငူမြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဦးစီးအရာရှိ များ ပါသော သစ်တောဝန်ထမ်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းအကွက်(၁၆၄)အတွင်း၌ ကျွန်း/ပျဉ်းကတိုးသစ်လုံး (၇၈)လုံး (၆၀)တန်ခန့် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၇-၃-၂၀၁၉ ရက်နေ့၊ CMRSစနစ်ဖြင့်သတင်းပေးပို့ချက် အရ မြောင်းမြခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ် တော၀န်ထမ်း များနှင့် စက်ဆန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၊ နယ်မြေ(၁)ရှိ ဦးအောင်ဇော်ဦး နေအိမ်ခြံ၀င်းအတွင်းမှ ဦးအောင်ဇော်ဦး ပိုင်ဆိုင်သော သစ်စက်(၁)လုံးနှင့်အတူ တရားမ၀င် တောင်သရက် ခွဲသား(၂၁၃)ချောင်း( ၆.၄၉၉၁ )တန်အားဖမ်းဆီးရမိပြီး ဦးအောင်ဇော်ဦးအား သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှု ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၆-၃-၂၀၁၉)ရက်နေ့၌ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ပြင်စည်မင်းသားကြီး လမ်း၊ အမှတ်(၁၃၉) ခြံဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ကျွန်း/ပိတောက်ခွဲသား(၅၆၉)ချောင်း (၇၇.၈၂၀၄)တန်နှင့် မော်တော်ယာဉ် (၃)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး သိရှိတရားခံ(ခြံပိုင်ရှင်)(၁)ဦးနှင့် ဆက်စပ်ပက်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် ရရှိသတင်းအရ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြညွှန်ကြားချက်ဖြင့် မြေပုံမြို့နယ်၊ သစ်တောဝန်ထမ်းများအဖွဲ့သည်နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ (၇-၃-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် ခမမပည 46Q..ET.733932 နေရာမှ စက်လှေ တစ်စီး တရားခံ ၅ ဦးနှင့်အတူ သင်ပုန်းခွဲသား ဒုကြီးဆိုဒ်စုံ ခန်မှန်း (၁၀၀) ချောင်းခန့် (ခန့်မှန်း ၂၀ တန်အား)ဖမ်းဆီးရမိသဖြင့် ကမ်းထောင့်ကြီးဘိနယ်စခန်းသို့သယ်ဆောင်ပြီးတရားခံများအားတရားစွဲဆိုနိုင်ရေးဆောင်ရွက်လျှက်ရှိပါ ကြောင်းတင်ပြအပ်ပါသည်။

Pages