Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈.၂.၂၀၁၉ရက်နေ့၊ (၁၂:၄၅)နာရီတွင် မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၁လမ်းနှင့် အောင်ရတနာလမ်းထောင့်၊ အကွက်အမှတ် ဇ-၂၇/၃၂+၃၃ ရှိ ဦးဇော်မင်းထွန်း ၏ အိမ်တွင်းစက်မှုလက်မှု(သ/မ)ပြန်စိတ်စက်ဝန်းအတွင်းမှ တရားမဝင် ပိတောက်ခွဲသား/ပိတောက်ချပ်/ ယင်းတိုက်ခွဲသား စုစုပေါင်း(၇၈၈)ချောင်း/ချပ် (၁၀.၆၁၇၈)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၁၈.၂.၂၀၁၉ရက်နေ့၊ ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် အမှတ်-၈၅ ခြေလျှင်တပ်ရင်းမှတပ်မတော်သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့ အရှေ့မြောက်ဖက် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်ကားလမ်းနှင့် ယခင်ကားလမ်းဟာင်း ဝဲ/ယာ တစ်လျှောက်၊ ပျဉ်းမနားမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ် ဧရိယာများတွင် တရားမဝင်သစ်ရှာဖွေ ဖမ်းဆီးခြင်းဆောင်ရွက်ရာ တရားမဝင် ကညင်/အခြားခွဲသား စုစုပေါင်း (၉၃) ချောင်း (၁၄.၂၂၈၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၈.၂.၂၀၁၉ရက်နေ့၊ (၁၅း၃၀)နာရီတွင် ကျောက်မဲခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်းကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ မဘိမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကွန်းချောင်းကြိုးဝိုင်း/ ကြိုးပြင်(IX) တို့မှ တရားမဝင် ကျွန်းသစ်လုံး စုစုပေါင်း (၇၅)လုံး (၁၃.၉၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၇.၂.၂၀၁၉ ရက်နေ့တွင် ဖားဆောင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဖားဆောင်းမြို့နယ်၊ ဗဟန်းလော့ကျေးရွာတောင်ဘက် (၁.၅)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်းသစ်/ပိတောက်သစ် (၄၉)လုံး (၉.၂၄၈၂)တန် အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၁၆.၂.၂၀၁၉ရက်နေ့၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၆/၆)နှင့် (၄၆/၇)ကြားတွင် ယာဉ်အမှတ် MDY-7L/4753 (Mitsubishi ၄ဘီး အဖြူရောင်)ယာဉ်ပေါ်နှင့် ယာဉ်အနီးမှ တရားမဝင် ကျွန်းခွဲသား (၂၃)ချောင်း (၁.၇၄၆၆)တန် နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအားအသုံးပြု၍ ရန်ကုန်မြို့တွင်းသို့ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၁၇.၂.၂၀၁၉ ရက်နေ့(၀၉:၂၇)နာရီအချိန်၌ အမြန်လမ်းမိုင်တိုင်အမှတ်(၂၀/၃)နှင့် (၂၀/၄)ကြား၌ တရားမဝင်ကျွန်းခွဲသား (၃၆)ချောင်း (၄.၁၅၈၆)တန် တင်ဆောင်ထားသော 1M/8751 Canter ၆ဘီး အဖြူရောင်တစ်စီးအား ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်တင်ယာဉ်များအား ဖမ်းဆီးရာ တွင် အခြားယာဉ်များမှ ဖမ်းဆီးရေးယာဉ်များအား လိုက်လံနှောက်ယှက်ခြင်း၊ ရန်ကုန်ပြုတိုက်ခိုက်ခြင်း၊ တရားခံထွက်ပြေးခြင်းများ မကြာခဏဖြစ်ပေါ်နေ၍ သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများ၏ ပိုမိုပူးပေါင်း ပါဝင်မှုဖြင့် လုံခြုံရေးဂရုစိုက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာန ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၆-၂-၂၀၁၉ ရက်နေ့၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင်ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်လွင်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။

၁၆.၂.၂၀၁၉ရက်နေ့၊(၁၅း၀၀) အချိန်တွင် မိုးမိတ်မြို့နယ်အတွင်း ခလရ(၃၄၈)တပ်နှင့် သစ်တောဝန်ထမ်း များပါဝင်သောပူးပေါင်းအဖွဲ့မှ မိုင်းနင်း ကျေးရွာ၏အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာနေရာတွင်- ကျွန်းသစ်/ခွဲသား (၁၁၇)လုံး/ချောင်း၊ (၁၂.၇၁၁၀)တန်နှင့် တရုတ်အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူခြင်းနှင့် တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages