Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁-၃-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းအကွက်(၂၁)၊ ခန့်မှန်း မြေပုံညွှန်း(V-240573)နေရာမှ တရားမဝင် ကျွန်းခွဲသား(၁၆)ချောင်း၊ (၂.၇၆၁၀)တန် အား သိမ်းဆည်းရမိပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဖဒိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-ကျွန်းကုန်းကားလမ်း မိုင်တိုင်(၇၇/၃)အနီ၊ ဖဒိုမြို့၊ ဘိုးပိုက်ဆံ(၄)ရပ်ကွက်တွင် ယာဉ်အမှတ်(8I-4677)တပ်ဆင်ထားသော Super Custom ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၂)ချောင်း၊ (၀.၄၈၇၄)တန်နှင့် အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၃-၃-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ “ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား”ကို ၂၀၁၇ ခုနှစ်၊ မတ်လ (၂)ရက်နေ့၊ နံနက်(၀၉ : ဝ၀)နာရီတွင် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ကာ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင် သောအဖွဲ့သည် ကျွန်းလှမြို့နယ်၊ အင်တိုင်းအုပ်စု၊ ကျွဲတဲရွာအနီး၊ ခန့်မှန်းမြေပုံညွှန်း GA-287799 နေရာတွင် ယာဉ်အမှတ်(၁၀၆၁၇)တပ်ဆင်ထားသော ထော်လာဂျီပေါ်မှ တရားမဝင် အခြားခွဲသား(၃၆)ချောင်း၊ (၀.၄၅)တန်နှင့်တရားခံ(၁)ဦး၊ ကျွဲတဲရွာအနောက် ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း GA-274806 နေရာမှ တရားမဝင် အခြားခွဲ သား (၉)ချောင်း၊ (၀.၆၇၆)တန် ဖမ်းဆီးရမိပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်း တိုးလ်ဂိတ်တွင် ယာဉ်အမှတ်(MDY-7C/6407) တပ်ဆင်ထားသော NISSAN အမျိုး အစား(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၁၀၀)တုံး၊ (၆.၈၅၁၂)တန်နှင့် အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

၂၇-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၆၉)တပ်ထိန်းတပ် နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-သိန်းနီကားလမ်း၊ နမ့်တွန်းအုပ်စု၊ မန်နော်ကျေးရွာအနီးတွင် ယာဉ်အမှတ်(YGN -2F/8263)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဖြူစိမ်းရောင်(၁၂)ဘီးယာဉ်ပေါ် မှ တရားမဝင် ဓားရွေ(၄၇၂)တုံး၊ (၉.၂၇၆၄)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ ကွတ်ခိုင်၊ စ.ရ.ဖ နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ Oriental တိုးလ်ဂိတ်အနီးတွင် ယာဉ်အမှတ်(SHN-7C/7415) ပါဂျဲရိုးအမျိုးအစား အနက်ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၉)တုံး၊ (၀.၅၅၄၂)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

Pages