Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့၊ Oriental High Way ဂိတ်တွင် ယာဉ်အမှတ်- YGN-6G/3961 တပ်ဆင်ထားသော IPSUM အမျိုးအစား အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၉)တုံး (၀.၆၈၁၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ စစ်ဆေးထွက်ဆိုချက်များအရ တရားခံနှင့်ပါဝင်ပတ် သက်သူများအား သီပေါမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ထားရှိ ပါသည်။

(၁၇-၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ(သစ်တောလုံခြုံရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့)မှ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်းတိုးဂိတ်တွင် ယာဉ် အမှတ် YGN-5G/8632 တပ်ဆင်ထားသော TOYOTA အမျိုးအစား အဖြူရောင်ယာဉ် နှင့် MDY- 1F/2419 တပ်ဆင်ထားသော(MITSUBISHI)အမျိုးအစား၊ ဖြူစိမ်းကြား အရောင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၄)တုံး၊ (၁.၆၉၆၀)တန်နှင့် အတူ တရားခံ(၄)ဦးဖမ်းဆီးရမိခဲ့ပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာ သီဒ္ဓိဘောလုံးကွင်းအနီးတွင် ယာဉ်အမှတ်(3K/6507) တပ်ဆင်ထားသော FUSO အမျိုး အစား၊ အစိမ်းရောင်(၁၂)ဘီးယာဉ်နှင့် 3I/6418 တပ်ဆင်ထားသော Super Great အမျိုးအစား၊ ငွေရောင်(၁၂)ဘီးယာဉ်၊ စုစုပေါင်းယာဉ်(၃)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသား(၁၄၁)ချောင်း၊ (၂၄.၁၇၀၈)တန်နှင့် တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကြို့ပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၁၈၃/၆ အနီးတွင် ယာဉ်အမှတ် မ/၁၂၆၇ တပ်ဆင်ထားသည့် PE-RESOINA အမျိုးအစား (၆)ဘီးယာဉ် ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၄)ချောင်း၊ (၅.၁၃၆၂)တန်နှင့် တရားခံ(၁)ဦးဖမ်း ဆီးရမိပါသည်။

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၀/၇) Toll Gate တွင် ယာဉ်အမှတ် 4M/6357 တပ်ဆင်ထားသော FUSO အမျိုးအစား၊ အဖြူရောင်(၆) ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၇၁)ချောင်း၊ (၁၀.၇၅၁၀)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်လေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့၏ အနောက်မြောက်ဘက်၊ နမ့်စန်မှ (၈)မိုင်ခန့်အကွာ လွိုင်ယဲကျေးရွာအုပ်စု၊ လွိုင်ယဲ- တိုင်းကောင်-လဲချားသွားမြေလမ်း၊ မြေတွင်းတစ်နေရာ ခန့်မှန်းမြေပုံညွှန်း(LD-614230) နေရာတွင် ယာဉ်အမှတ်(၅ခ/၆၂၄၆ ၊ ၈ဇ/၆၆၇၇၊ ၈စျ/ ၈၇၆၈၊ 8E/ 6983) တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၂)ဘီးယာဉ် (၄)စီး ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ ဓားရွေ) (၈၉)လုံး/တုံး (၂၆.၁၈၁)တန်နှင့်အတူ တရားခံ(၆)ဦးဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် (၂၆-၁-၂၀၁၇)ရက်နေ့ တွင် ပဲခူးမြို့နယ်၊ စလူဆည်အနီး ခန့်မှန်းမြေပုံညွှန်း (47QKV- 214429) နေရာ နှင့် (၂၇-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ပဲခူးမြို့ရှောင်လမ်း အဆုံတွင် တရားမဝင် သစ်များဖမ်းဆီးရမိပါသည်။

Pages