Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကံကြီးရွာအနောက် တောင်ဘက် (၃)မိုင်ခန့်အကွာ၊ နေရဥ္ဇာချောင်းအနီး၊ ကံကြီးရွာတောင်ဘက် (၃.၅/၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/နှော ခွဲသား (၃၁၅)ချောင်း (၁၄.၆၂၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှ မြို့နယ်၊ ကုန်းကြီးကျေးရွာအရှေ့ဘက် (၂)မိုင်ခန့်အကွာနှင့် (၆)မိုင်ခန့်အကွာ၊ ဝင်းရှင်လယ်တောတိုက်၊ အောင်ပင်ကျေးရွာ အရှေ့ဘက်(၁၀)မိုင်ခန့်အကွာ၊ နန်းကြီးသာကြိုးပြင်ကာကွယ်တောအတွင်း တရုတ်ဆိုင်ကယ် (၅)စီးပေါ်မှ တရားမဝင် အင်/တမလန်း/လုံးပတ်၃ပေအောက်အင် သစ်/ခွဲသား/ခွဲခြမ်း (၆၁၉)လုံး/ချောင်း/ခွဲခြမ်း (၆၁.၁၇၆၀)တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၉)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၃၉.၄၇၇၅)တန်၊ သစ်မာ(၁၁၉.၈၁၇၄)တန်၊ အခြား (၄၂၉.၄၃၂၄)တန်၊ စုစုပေါင်း(၇၈၈.၇၂၇၃)တန်၊ တရားခံ(၆၁)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မြို့မဘိနယ်၊ အမှတ်(၃)ရပ်ကွက် လူမနေသောခြံဝင်း အတွင်းမှ တရားမဝင် သစ်ယာ/အင်ကြင်း/အင်/ဖန်ခါး ခွဲသား(၈၈၆)ချောင်း (၃၃.၄၄၉၈)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်သည်-

၁၅-၃-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကော့ကရိတ်ခရိုင် တရားမဝင် ကုန်စည် တားဆီးကာကွယ်ရေးအဖွဲ့မှ ခရအမှူးပါဝင်သောတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စကခ(၁၂)မှ ဒုဗမက မင်းထင်အောင်ပါ တပ်မတော်သားများ၊ ခလရ(၂၃၁)မှ ဗက ဟန်မင်းထက်ပါ တပ်မတော်သားများ၊ ယထရစု(၁)မှ တပ်မတော်သားများ၊ မြို့နယ်လဝကမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမဘေး၊ ကျိုက်ဒုံသွားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ် (KYN 8H/7203) NISSAN UD (၆)ဘီး(စိမ်း/ပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်သင်္ဂဒူခွဲသား(၅၂၉)ချောင်း (၁၀.၀၄၂၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၆-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မှော်ဘီ/သင်္ဃန်းကျွန်း/အင်းစိန်/အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၀/၇)၊ Toll Gate တွင်မော်တော်ယာဉ် အမှတ် (8I/2768) Super Custom(အဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၈)ချောင်း (၁.၃၇၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား(၃၆၄)ချောင်း (၅၅.၈၃၄၄) တန်အား တာယာဘီးတပ်လှည်း(၅)စီးနှင့်အတူ တရားခံ(ခြံဝန်းပိုင်ရှင်)(၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရတစကခ(၇)မှ ဗိုလ်မှူးကျော်ထွေး ဦးစီးသော ရှေ့တန်းစစ်ကြောင်းမှ တပ်မတော်သားများသည် နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ(၈၀၀)ခန့်နေရာ၌ မော်တော်ယာဉ်(၃၃)စီးအားဖမ်းဆီးရမိခဲ့ပြီး ၁၄-၃-၂၀၂၀ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာ အုပ်စု၊ နောင်ကောက်ကျေးရွာအနီး၊ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးနှင့် မိုင်းဝန်းချောင်းဘေး နေရာများမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား (၇၄၁)ချောင်း(၁၃.၆၆၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages