Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၂-၃-၂၀၂၀ ရက်နေ့ နံနက် (၁၁:၃၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာ၏ အရှေ့မြောက်ဖက် (၂)ဖာလုံခန့်အကွာ နေရာမှ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် သစ်မျိုးစုံ ၁ တန်ခန့်(ခန့်မှန်း)အား သစ်စက်ပိုင်ရှင်(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သီးခြားပိုင်ရှင်များအား(စိစစ်ဆဲ) စုံစမ်းရှာဖွေဖော်ထုတ်ခြင်းနှင့် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းနှင့်အစပ်နေရာမှ တရားမဝင် ကျွန်း ခွဲသား/ခြမ်း/စိတ် (၄၇)ချောင်း/ခြမ်း/စိတ် (၆.၂၉၃၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် (၈၃/၂)မြို့ချောင်းအမြန်လမ်းရဲစခန်းရှေ့ မော်တော်ယာဉ်အမှတ် (YGN-4J/2638) UD (၆)ဘီးခေါင်းပြာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၀၉)ချောင်း (၇.၉၀၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၇-၃-၂၀၂၀ ရက်နေ့မှ ၈-၃-၂၀၂၀ နေ့အထိတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၁၀၁၃)လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကောင်းသန့် ဦးဆောင်သောတပ်မတော်သာများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်း အကွက်အမှတ်(၃၆၊ ၉၅၊ ၂၄၂) ပန်းပုချောင်းဘေးနှင့် ကြံခင်း ချောင်းဘေးနေရာမှ တရားမဝင် ကျွန်းသစ် (၄၀)လုံး (၉.၁၆၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ခံဇားလာကာကြိုးဝိုင်းအကွက်အမှတ်(၈၆)အတွင်း တရားမဝင်ကျွန်း/သစ်ယာ/အင်ကြင်း/ကညင်/အင်သစ်/ခွဲသား (၃၄၀)လုံး/ချောင်း (၁၇.၉၀၇၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သာသနာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊သစ်တောလုံခြုံးရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ မြရွှေပင်သဒ္ဓမ္မသုခရိပ်သာကျောင်းဝင်းအတွင်းရှိ ဂိုဒေါင် အတွင်းမှ ကျွန်းခွဲသား (၅၃၂)ချောင်း (၄.၈၆၆၆)တန်၊ သစ်စက်၊ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအနီး (ဒေသအခေါ်) ဆည်လည်ချောင်း လယ်ကွင်းဘေး ခြုံစပ်အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၂၆)ချောင်း (၅.၂၈၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအနီး၊ ဒေသအခေါ်(ဆည်လည်ချောင်း)လယ်ကွင်းဘေးခြုံစပ်အတွင်း မော်တော်ယာဉ်အမှတ် (MGY 2B/8457) NISSAN Diesel (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၅၀)ချောင်း (၄.၀၀၆၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages