Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၃၀) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှဦးဆောင်၍ အထောက်အကူပြုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအများဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့နှင့် ပူးပေါင်း၍ ၄-၁-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အမှတ် (၇) အခြေခံပညာ အထက် တန်းကျောင်း အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၃၀၈၆)တန်၊ သစ်မာ (၂.၇၉၈၈)တန်၊ အခြား (၂၉.၆၇၂၀)တန်၊ စုစုပေါင်း (၄၃.၇၇၉၄)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၇) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၁၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့မ(၃)ဘိနယ်၊ ဆင်ဖြူကွင်းသုဿာန်လမ်းဆုံ၊ မဲခုန်ကျေးရွာအတွင်း တရားမဝင် တောင်သရက်/ပျဉ်းကတိုး ခွဲသား/လုံးပတ်၃ပေ အောက်သစ်/မျော စုစုပေါင်း(၇၁၅)ချောင်း/လုံး (၂၇.၃၆၆၄)တန်၊ ဝါး (၅၂၉၈)လုံး ယာဉ် (၆)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးအကြို အမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီး ထုပ်ဆီးတိုး ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၂) ရက်နေ့မှ ဇန်နဝါရီလ(၂)ရက်နေ့အထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီး အကဲများ၊ ဝန်ထမ်းများ တက်ရောက် ကြည့်ရှုအားပေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၁-၉-၂၀၂၃)ရက်နေ့မှ (၁၇-၉-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၈.၁၆၈၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၅.၀၁၃၉)တန်၊ သစ်မာ (၁၉.၃၀၀၈)တန်၊ အခြား (၅၄.၆၇၁၀)တန်၊ စုစုပေါင်း (၁၆၈.၉၈၅၇)တန်၊ ယာဉ်/ ယန္တရား (၂၄)စီး၊ တရားခံ (၅၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာအနောက်ဘိနယ်၊ စိမ့်ကြီးကျေး ရွာအနီး၊ လယ်ကွင်းစပ်နေရာ/ တောင်ကလပ်ချောင်းအနီး/ ကွန်းချောင်းဆည်ရေဝပ် ဧရိယာ ဒေသအခေါ် ရှောက်မြောင် နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သဒီ/ သင်္ဂဒူ/ကညင်/ယမနေ/အင် ခွဲသား စုစုပေါင်း (၅၁၁)ချောင်း (၄၅.၈၈၅၀)တန်၊ ဆိုင်ကယ် (၃)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၇-၇-၂၀၂၃)ရက်နေ့မှ (၂၃-၇-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၃.၀၉၇၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages