Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး၊ စာရင်းကိုင်(၄)ရာထူးနှင့် ပုံဆွဲ(၄)ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောခေါင်း ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော တောခေါင်း၊ တောကြပ် ရာထူးနေရာများအတွက် ၃၀-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေး ကြံ့ခိုင်မှု မိုင် (၂၀) လမ်းလျှောက်စစ်ဆေးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် သယံဇာတရေးရာ အောက်ရှိဌာနများ၏ တိုင်းဒေသကြီးတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ၀၇း၀၀ နာရီအချိန်တွင် သယံဇာတရေးရာဝန်ကြီးက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ဖွင့်လှစ်ပေးခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း လစ်လပ်လျှက်ရှိသော တောခေါင်း၊ တောကြပ်၊ စာရင်းကိုင်-၄/ အငယ်တန်းစာရေး၊ ရုံးအကူ/စာပို့၊ ယာဥ်မောင်းစက်ပြင်-၅ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းကို ၂၉-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပုသိမ်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါရာထူးနေရာများအတွက် လျှောက်ထားသူ (၅၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ ကြပြီး တောခေါင်း၊ တောကြပ်ရာထူးနေရာများအတွက် ၃၀-၁၂-၂၀၂၃ ရက်နေ့ ၀၇း၀၀ နာရီအချိန် တွင် မန္တလေးနန်းမြို့ရိုးနှင့် ကျုံးအကြားရှိ ရတနာပုံဥယျာဥ်ပတ်လမ်း၌ တောခေါင်း၊ တောကြပ် ၃၀ ဦး အား မိုင် (၂၀) လမ်းလျှောက်ခြင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၆-၆-၂၀၂၃)ရက်နေ့မှ (၂-၇-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၈.၀၂၂၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၂၃၅၆)တန်၊ သစ်မာ (၈.၃၅၀၅)တန်၊ အခြား (၃၃.၉၅၉၂)တန်၊ စုစုပေါင်း (၅၆.၅၄၅၃)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၆-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ လမူးကျေးရွာမြောက်ဘက်၊ လမူးချောင်း အတွင်းမှ တရားမဝင် ကညင်/ တောင်သရက် ခွဲသား စုစုပေါင်း (၁၃၀)ချောင်း (၁၂.၈၈၂၆)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၁၂-၂၀၂၃)ရက်နေ့မှ (၂၄-၁၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၇၀.၁၇၁၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၆-၁၂-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဦးရဲလွင်အောင်(ဦးစီးအရာရှိ)သစ်တောသုတေသနဌာနက တရုတ်နိုင်ငံတွင်ကျင်းပ သည့် ခေတ်သစ်ပိုးလမ်းမနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများ၏ ပတ်ဝန်းကျင် ဂေဟစနစ်ဖွံ့ဖြိုးရေး နှင့် ကျေးလက်နေလူထုဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည် အတွေ့ အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

Pages