Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၅-၅-၂၀၁၉ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား Amimoto Keisuke (Economie and Development Assistancd Section)Embassy of Japan, Yangon, Myanmar မှ လာရောက်တွေ့ဆုံ၍ CoP17 အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆင်စွယ်ဈေးကွက်/ အရောင်းဆိုင်များ ပိတ်သိမ်းရန်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အာဖရိကတိုက်ရှိ နိုင်ငံ(၉)နိုင်ငံမှ CoP18 တွင် ထပ်မံဆွေးနွေးရန် အဆိုပြုလာခြင်းအပေါ် ဂျပန်နိုင်ငံမှ တင်သွင်းမည့် ကန့်ကွက် ကြောင်းသဘောထားအဆိုပြုလွှာအပေါ်တွင် မြန်မာနိုင်ငံ၏ သဘောထား မှတ်ချက်အား သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၁၆၃.၂၂၅၅)တန်၊ သစ်မာ(၁၃၂.၇၃၆၉)တန်၊ အခြား (၂၈၁.၃၂၉၆)တန်၊ စုစုပေါင်း(၅၇၇.၂၉၂၀) တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ယန္တရား(၄၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ သရက်ပင်ကြီးစုကျေးရွာ/ ပန်းပုကွင်းကျေးရွာ/ ဥယျာဉ်စုကျေးရွာ/ ကြပ်ကုန်း ကျေးရွာတို့မှ တရားမဝင် အခြားခွဲသားစုစုပေါင်း (၁၁၄၁)ချောင်း (၁၀၆.၅၂၄၃) တန်၊ သစ်စက်(၃)လုံး၊ ဂွန်ဒေါင်း(၂)စီး၊ ဆိုင်ကယ်(၁)၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၄-၅-၂၀၁၉ ရက်နေ့ နေ့လည်(၁:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား The World Bank မှ Senior Enviromental Specialist ဖြစ်သူ Mr.Martin Fodor ဦးဆောင်းသောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် FREDIP စီမံကိန်း နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။

၁၃-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ ဗျံဒီရွာလမ်းပေါက်အနီးနေရာတွင် မော်တော်ယာဉ်အမှတ်မပါ (FAW) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသား (၃၀) လုံး/ချောင်း (၄.၀၂၈၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ တရုတ်သင်္ချိုင်းနှင့် ခရစ်ယာန်သင်္ချိုင်းကြားနေရာတွင်တရားမဝင်ကညင်/ကြေးလံ/တောဇီး/မအူသစ်(၅၄)လုံး(၅၄.၀၃၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၂-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ အမှတ်(၂၉၅) ခြေလျင်တပ်ရင်း မှ ဗိုလ်မှူး မင်းအောင်ဖြိုး နှင့်ပူးပေါင်းအဖွဲ့သည် လွိုင်အိုင်ကြိုးဝိုင်းပါလိုင်ရွာနှင့် (၃)မိုင်ခန့်တောတွင်းမှ အင်သစ်လုံး (၁၃၀)လုံး (၅၁.၄၇၄၀)တန် ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထွန်း ဦးဆောင်၍၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဂမုန်းကွင်းချောင်းဘေးမှ ဘောင်ဆန့်/၃ပေအောက် ဘောင်ဆန့် (၃၃၁) လုံး/ခွဲသား(၅၅.၅၄၀၂)တန် ၊ လက်ကိုင်စက်လွှ(၁) ၊ ငမန်းစွယ်လက်ဆွဲလွှ (၁) ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၅-၂၀၁၉)ရက်နေ့မှ (၁၂-၅-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၀၆.၈၂၂၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages