Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၅၁၇)ဧကရှိသောနယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ခုနှစ်၊ ဇွန်လ ၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

၂၁.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးအောင်အောင်ဌေး(ဦးစီးအရာရှိ)နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေမြင့်၊ ရေအရင်းအမြစ်ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်အောင် (ဦးစီးအရာရှိ)တို့သည် ၂၀၂၄ ခုနှစ် ဇွန်လ(၅)ရက်နေ့ တွင်ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့"ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်‌ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးTalk Show အား မြောင်းမြမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

(၂၀.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၅) အချိန်တွင် လင်းခေးခရိုင်၊ မိုးနဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်နန်းမွမ်းဆိုင်၊ မိုးနဲမြို့နယ်၊သစ်တောဦးစီးဌာနမှဦးကျော်အောင်အောင်(မြို့နယ်ဦးစီးဌာနမှူး)၊ဦးစိုင်းအောင်သင်း(တောအုပ်)တို့သည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးTalk Show အား လင်းခေးခရိုင်၊မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကို ၂၂-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီတွင် ဒိုက်ဦးမြို့နယ်၊ ကျောက်တလုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ ပညာရေးဌာန ဒိုက်ဦးမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၅၆)ဦး၊ ကျောက်တလုံး ကျေးရွာအုပ်ချူပ်ရေးမှူးအပါအဝင်ဒေသခံပြည်သူ (၁၅)ဦးနှင့် ဌာနဝန်ထမ်းများ စုစုပေါင်း (၈၃)ဦး တို့တက်ရောက်ပြီး ပဲခူးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်-၂ က အဖွင့်အမှာစကားပြောကြားပြီး ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းအောင် က ကျောင်းသား/ကျေင်းသူများကို သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာများ၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးသိကောင်းစရာများနှင့် သစ်တောများမှ ပေးစွမ်း နိုင်သောအကျိုးကျေးဇူးများကို အသိပညာပေးဟောပြော၍ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ သည် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန အုတ်ရှစ်ကုန်းအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင် ထားရှိပုံ နှင့် မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ သွားရောက် လေ့လာခဲ့ကြပါကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၂၂-၅-၂၀၂၄)ရက်နေ့၊ နံနက် (၇)နာရီတွင် ညောင်ပင်စျေးရပ်ကွက် မဟာနာဂဝံသ သိမ်ကျောင်းဝန်း အတွင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများစုပေါင်း၍ လူဦးရေ(၂၀၅)ဦးတက်‌ရောက်ခဲ့ကြပြီး ကျွန်းပင်(၂၀)၊ မန်ဂျန်ရှားပင်(၈၀)၊ ပျဥ်းကတိုးပင် (၇၀)၊ ယူကလစ်ပင် (၈ ) ၊ မဟော်ဂနီပင် (၅၀) ၊ ရေတမာပင် (၃၀) ၊ မယ်ဇယ်ပင် (၂၀) ၊ ကံ့ကော်ပင် (၃၀) ၊ ခရေပင် (၃၀) ၊ ပိတောက်ပင်(၄၀) စုစုပေါင်း ပျိုးပင်ပေါင်း ( ၄၅၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းတင်ပြအပ်ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၉.၆၆၂၈)တန်၊ သစ်မာ (၃၂.၈၀၀၄)တန်၊ အခြား (၈၅.၂၈၄၆)တန်၊ စုစုပေါင်း (၁၄၇.၇၄၇၈)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၅-၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဒဂုန်မြို့သစ်(အရှေ့ပိုင်း) သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ သံချပ်ဝန်ဦးမြူလမ်း၊ အမှတ်(၈)၊ ဒေါ်အေးအေးလင်း သစ်စက် အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/တောင်သရက် ခွဲသား စုစုပေါင်း (၃၃၂)ချောင်း (၃၃.၄၆၅၄)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Settlement Unit အစည်းအဝေး (၁/၂၀၂၄) ကို (၁၀.၄.၂၀၂၄) ရက်နေ့၊ နံနက် (၁၀.၀၀) နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ဦးဖေချစ်တက်ရောက်အဖွင့် အမှာစကားပြော ကြားသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ ယခင်ကျင်းပ ပြီးစီးခဲ့သည့် (၃/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့သတ်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်/တိုင်းဒေသကြီးနှင့် ပြည်နယ် Settlement Unit အဖွဲ့များမှကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်း ကိစ္စ ရပ်များ တင်ပြမှုအပေါ် ဦးဖေချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ/စီမံကိန်း)မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်ကို မြို့နယ်အဆင့် တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကြေးရွာတွင် (၅.၆.၂၀၂၄) ရက်နေ့၊ (၀၇း ၂၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲ တော်သို့ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ တက်ရောက်ပြီး မဟော်ဂနီပင်အား စိုက်ပျိုးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ပြီး ပျဉ်းကတိုး(၁၀၀)၊ စိန်ပန်း(၆၀)၊ မဟော်ဂနီ(၈၀)၊ မန်ဂျန်ရှား(၆၀)၊ ခရေ(၇၀)၊ ကံ့ကော်(၅၀)၊ စုစုပေါင်း(၄၂၀)ပင် အားအောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

Pages